စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း ငွေတွင်းပျူစခန်းကနေ ရိက္ခာသယ်ထွက်လာတဲ့ ပျူစောထီး ၈ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Ngwe Dwin Revolution Force က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၉ ရက် မနေ့က မနက်ပိုင်းမှာ ငွေတွင်းပျူစခန်းကနေ ညောင်ဒူးလေးကျေးရွာသို့ ရိက္ခာသယ် ထွက်လာတဲ့ ပျူစောထီး ၁၂ ယောက်ကို တော်လှန်ရေးတပ်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ပျူခေါင်းဆောင် ကျော်ဆွေရဲ့ ညာလက်ရုံးအပါအဝင် ၈ ယောက်ကို စားနပ်ရိက္ခာတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လုပ်ဆောင်ချက်ကို မုံရွာခရိုင် အမှက် ၂၁ တပ်ရင်း (တိုက်နယ် ၉) MRTF နဲ့ ရွာခံမဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Ngwe Dwin Revolution Force
0 Shares:
You May Also Like
Read More

မြိုင်မှာ ရိက္ခာလာပို့တဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲ၊ မိုင်းရှင်းတဲ့ စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပခုက္ကူကနေ မြိုင်မြို့နယ်က စစ်တပ်အခြေစိုက်စခန်းတွေကို ရိက္ခာလာပို့တဲ့ အစီး ၂၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဇန်နဝါရီ ၆ ရက်က ကိုင်းဆယ်အရောက် ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။
Read More

“စောစောစီးစီး အလံဖြူထောင် လက်နက်မချရင် ပျော်ရွှင်ဖွယ်နှစ်သစ် ရှိလာမှာမဟုတ်” ဟု အမ်း (နပခ) ထဲက စစ်သားတွေကို AA သတိပေး (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)က စစ်သားတွေ အလံဖြူထောင်လက်နက်ချနေတဲ့ ဗီဒီယိုကို ထုတ်ပြန်ပြီး "စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်"လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်လိုက်ပါတယ်။
Read More

နဂါးဖြူတပ်ရင်းနှင့် SOF တို့ အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ရင်းကို နဂါးဖြူတပ်ရင်းနဲ့ SOF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို White Dragon -P29904 က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီတပ်သား ၅ ယောက် သေ၊ ၄ ယောက် အရှင်မိခဲ့တဲ့ ထားဝယ် ရွှေဂူဂိတ်စခန်းနှင့် စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်မှု (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရှင်မုတ္ထီး‌ကျေးရွာက စစ်ကောင်စီရဲ့ ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းကို ဇန်နဝါရီ ၂၉ ရက် နေ့လည်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ (၁၁၇) တပ်သား- ရဲရင့်ခန့်ညား၏ ပြောကြားချက် (ရုပ်/သံ)

''သူငယ်ချင်း ၃ ယောက် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၉ နာရီခွဲလောက် ၇၃ လမ်း ပေါ်က ပြန်လာတဲ့အချိန် ကျနော်တို့ကို လမ်းမှာစစ်ပြီးခေါ်လာတာ။ ပြီးတော့ ကျောက်မီးသွေးစခန်းကို ပို့လိုက်တယ်။ ပြီးတော့ ကျနော်တို့အမေတွေကို ခေါ်ပြီးတော့ ပြန်ထွက်ချင်ရင် ပိုက်ဆံ ၁၅၀ (ကျပ်သိန်း ၁၅၀) ပေးရမယ်ဆိုပြီးပြောတယ်။ ကျနော်တို့ အမေတွေကလည်း ပိုက်ဆံ ၁၅၀ ပေးလိုက်တော့ ကျနော်တို့ကို ညတွင်းချင်းပဲ ပြင်ဦးလွင် စုဆောင်းရေးကို ပို့လိုက်တယ်။ ပြင်ဦးလွင်မှာ ၁၀ ရက်လောက်ထားပြီး ဗထူးသင်တန်းကျောင်းကို ပို့လိုက်တယ်”
Read More

စစ်အုပ်စုကို KNDF-UAV တပ်ဖွဲ့၏ ဒရုန်းဖြင့် တိုက်ခိုက်ချေမှုန်းခဲ့မှု မှတ်တမ်း (ရုပ်/သံ)

အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို KNDF-UAV တပ်ဖွဲ့ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်ချေမှုန်းခဲ့မှု မှတ်တမ်းရုပ်သံကို Karenni Nationalities Defence Force က ထုတ်ပြန်လိုက်ပါတယ်။