မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခေါင်းဆေးကျွန်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ မနက်ပိုင်းမှာ မော်လမြိုင်မြို့နယ် ခေါင်းဆေးကျွန်း ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် မီးသတ်ကား ၃ စီးနဲ့ သွားရောက်မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ မီးသတ်အဖွဲ့က ထုတ်ပြန်ပါတယ်။

”အနာတရ အသေပျောက်မရှိပေမယ့် ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ဆရာတော်ကျောင်းဆောင်ကြီးတော့ စိတ်မကောင်းစွာဖြင့် ကုန်ဆုံးသွားပါပြီ။ ကျောင်းတော်ကြီးဆီက ရှေးဟောင်းအမွေနှစ်များ ပါသွား၍ စိတ်မကောင်းခြင်း များစွာဖြစ်ခဲ့ရပါတယ်”လို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။

မီးလောင်မှု‌ဟာ ဆွမ်းချက်ရုံကတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ရှေးဟောင်းဘုန်းကြီးကျောင်းရဲ့ ပင်မကျောင်းဆောင် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Video-Kyi Lin Aung
0 Shares:
You May Also Like
Read More

လောင်းလုံးတွင် ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၆ ဦး သေပြီး ပြည်သူ ၆ ဦး လွတ်မြောက်လာ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း လူငယ်တွေကို ပေါ်တာဆွဲနေတဲ့ စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး ပေါ်တာဆွဲခံထားရတဲ့ ပြည်သူ ၆ ယောက် လွတ်မြောက်လာတယ်လို့ လောင်းလုံးပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ္မမြို့ရဲစခန်းမှ ကင်းပတ်ထွက်လာသည့် အကြမ်းဖက်စစ်သားများကို ဗုံးသီးကြဲချပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိသားစုနဲ့ကွဲပြီး အာဟာရပြတ်နေသည့် အဘွားအိုကို PDF ရဲဘော်များ ဘေးကင်းရာသို့ ပို့ဆောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် တိမ်းရှောင်ရင်း မိသားစုနဲ့ကွဲကာ အာဟာရပြတ်ပြီး လဲနေတဲ့ အဘွားအိုတစ်ယောက်ကို ဘေးလွတ်ရာသို့ ဆောင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၇ တပ်ရင်း ရဲဘော် ၁ ယောက်က ၎င်းရဲ့ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

လုံခြုံရေး အထူးတင်းကျပ်ထားသည့် ရန်ကုန်မြို့လယ်တွင် NO VOTE လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းတစ်ခုဖြစ်တဲ့ ယောမင်းကြီးလမ်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က "NO VOTE" စာတန်းကိုင်ဆောင်ပြီး အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းစစ်တပ်ယာဉ် ၃ စီးကို စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BRAVE HEART ARMY-BHA အဖွဲ့ထံက သိရပါတယ်။