စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း ငွေတွင်းပျူစခန်းကနေ ရိက္ခာသယ်ထွက်လာတဲ့ ပျူစောထီး ၈ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Ngwe Dwin Revolution Force က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၉ ရက် မနေ့က မနက်ပိုင်းမှာ ငွေတွင်းပျူစခန်းကနေ ညောင်ဒူးလေးကျေးရွာသို့ ရိက္ခာသယ် ထွက်လာတဲ့ ပျူစောထီး ၁၂ ယောက်ကို တော်လှန်ရေးတပ်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ပျူခေါင်းဆောင် ကျော်ဆွေရဲ့ ညာလက်ရုံးအပါအဝင် ၈ ယောက်ကို စားနပ်ရိက္ခာတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လုပ်ဆောင်ချက်ကို မုံရွာခရိုင် အမှက် ၂၁ တပ်ရင်း (တိုက်နယ် ၉) MRTF နဲ့ ရွာခံမဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Ngwe Dwin Revolution Force
0 Shares:
You May Also Like
Read More

ဆားတောင်မြို့နယ်အတွင်း အရပ်သားနေအိမ်တွေကို မီးရှို့ခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ဦးသေ၊ သေနတ် ၂ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားတောင်မြို့မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပျောက်ကြားတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မရမ်းကုန်းမြို့နယ်တွင် ပစ္စည်းလုယက်ပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးမှုဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာလမ်းမပေါ်မှာ ပစ္စည်းလုယက်ပြီး အသင့်စောင့်ဆိုင်းနေတဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့တဲ့ ရုပ်သံဖိုင်ကို Zaw Min Oo အမည်ဖြင့် Facebook သုံးစွဲသူက အောက်တိုဘာ ၁၉ ရက်မှာ မျှဝေခဲ့ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

စစ်တပ်က ပြည်သူ့စစ်များကို လူသားဒိုင်းကာအဖြစ် အသုံးပြုနေကြောင်း အလင်းဝင် ပြည်သူ့စစ် ပြော (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့စစ်တွေကို လူသားဒိုင်ကာအဖြစ် တိုက်ပွဲတွေမှာ အသုံးပြုနေတယ်လို့ ခလရ ၆၀ (ကျောက်ကြီး) မှ လက်နက်မဲ့ အလင်းဝင်ရောက်လာတဲ့ ပြည်သူ့စစ် ကိုဇော်မင်းခိုင်ရဲ့ ပြောကြားချက်ကို ပဲခူးခရိုင်၊ အမှတ် - ၂ တပ်ရင်း၊ P2-3702 က ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၂ ယောက် ဒဏ်ရာရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ထုံမခါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

တနင်္သာရီမြို့နယ် ထုံမခါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကွတ်ခိုင်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်အပြီး အပျက်အစီး မြင်ကွင်းများ (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်က အလယ်တန်းကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ဗုံးကြဲတိုက်ခိုက်ခံရမှုကို ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။