မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က စစ်သား ၂ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်မှာ အင်အား ၁၀၀ခန့်ရှိ စစ်တပ်စစ်ကြောင်းဟာ ကလိုင်ပဒေါကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး RMA ဒေသလှုပ်ရှားတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ထိတွေ့တိုက်ပွဲက ၁နာရီကျော် ကြာမြင့်ခဲ့ပြီး တိုက်ပွဲလည်း ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

“မြေပြင်ရဲဘော်တွေရဲ့ တင်ပြချက်အရပေါ့နော်… တိုက်ပွဲက ၁နာရီကျော်ဖြစ်ခဲ့တာဆိုတော့ တော်တော်ပြင်းထန်ခဲ့တယ်လို့ သိရတယ်။ လက်နက်ကြီးတွေနဲ့ရော လက်နက်ငယ်တွေနဲ့ရောဆိုတော့ တိုက်ပွဲက အဲ့လိုတော့ ရှိခဲ့တယ်” လို့ RMA ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်စကားက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ စစ်တပ်ဘက်က ၂ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“သေဆုံးသူ ၂ဦးကတော့ ကျနော်တို့ ရဲဘော်တွေရဲ့ မျက်မြင်ပဲ၊ ပြီးတော့ ဒဏ်ရာရလို့ ငိုယိုနေတဲ့ အသံတွေလည်း ကြားခဲ့ရတယ်လို့ သိရတယ်ဗျ”လို့ နိုင်ကောင်စကားက ဆက်ပြောပါတယ်။

တိုက်ပွဲပြီးတဲ့နောက် တော်လှန်ရေးတပ်တွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမယ့် တပ်သုံးယာဉ်တချို့ကိုတော့ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဒီဇင်ဘာလ ၆ ရက်နေ့အထိ စစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့ရာ အနီးအနားပတ်ဝန်းကျင်ကို လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ပြည်သူတွေတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီ မတရားဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်

စစ်ကောင်စီ မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့မှာ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းစစ်သား ၄ ဦးကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းစစ်သား ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ (၃၃) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ ငလျင်ဘေးဒဏ်သင့် ပြည်သူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့

ငလျင်ဒဏ်သင့် ဒေသတွေမှာ နိုင်ငံတကာက လာရောက်တဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှုကြောင့် လူပေါင်း ၆၅၃ ယောက်ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၇၀၀ ကျော်ကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းကုန်စည်တွေ စျေးကွက်အတွင်း ပြတ်လတ်ပြီး စျေးတက်နေ

စစ်ကောင်စီက ကုန်သည်တွေကို တရားမ၀င်ကုန်စည်တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအရေးယူနေလို ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းအချို ပြတ်လပ်နေတယ်လို ရန်ကုန်မြိုခံတွေက ပြောပါတယ်။
Read More

စစ်ကောင်စီကို အွန်လိုင်းပေါ်မှာ ဝေဖန်လို့ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော်သွားပြီ၊ လစဉ် လူဦးရေ ၅၀ လောက် ဖမ်းဆီးခံနေရ

စစ်အာဏာသိမ်း (၃)နှစ်ကျော်အတွင်း လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဝေဖန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ခံမိလို့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ နိုင်ငံတဝန်းမှာ ၁၈၀၀ ကျော်သွားပြီလို့ Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့လယ်ခေါင်က ကြောက်ခေတ်ကို မှောက်ပစ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။