အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ CDM ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို အလေးထားပြီး သစ်တောသယံဇာတ စီမံအုပ်ချုပ်မှာ ပဋိပက္ခတွေ လျှော့ချရေးအတွက် တရားမဝင်ထုတ်လုပ်သယ်ဆောင်မှုကို တားမြစ်ခြင်းနဲ့ အခွန်ကောက်ယူမှု ယာယီရပ်ဆိုင်းမယ်လို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

အခုလ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ကာ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍ၊ သစ်နှင့် သစ်တောထွက်ပစ္စည်းတွေ တရားမဝင် ထုတ်လုပ်သယ်ဆောင်တာကို တားမြစ်အရေးယူတာနဲ့ အခွန်ဒဏ်ကြေးကောက်ခံတာကို ရပ်ဆိုင်းလိုက်တယ်လို့ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) သိရပါတယ်။

ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဇူလိုင်အထိ တော်လှန်ရေးအစိုးရအတွက် သစ်နှင့် သစ်တောထွက်ပစ္စည်းတွေကနေ အခွန်ဘဏ္ဍာရန်ပုံငွေ ကျပ် ၂၈ ဘီလီယံကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လည်ပတ်ရေးအတွက် ဝန်ကြီးဌာနအသီးသီးက အကြမ်းမဖက် အာဏာဖီဆန်မှု (CDM) ဝန်ထမ်းအင်အား ၈၀ ရာခိုင်နှုန်း ပါဝင်တာဖြစ်ပြီး CDM တွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အတွက် လုပ်ငန်းရပ်ထားတာဖြစ်တယ်လို့ MONREC က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကြားကာလ အရေးပေါ်လုပ်ထုံးလုပ်နည်းအတိုင်း သစ်နှင့် သစ်တောထွက်ပစ္စည်းတွေ စီမံခန့်ခွဲရာမှာ တရားမဝင် သစ်၊ သစ်တောထွက်ပစ္စည်းတွေ ထုတ်လုပ်သယ်ဆောင်မှုတွေကို စိစစ်အရေးယူတာ၊ ဒဏ်ကြေးကောက်ခံတာ၊ ဒေသအတွင်း အသုံးပြုမှုတွေအတွက် အခွန်ဒဏ်ကြေးပေးဆောင်ပြီး သယ်ဆောင်ခွင့်ပြုတာတွေ လုပ်ဆောင်ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို CDM တွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တာ၊ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်တာတွေရှိတဲ့အတွက် အစိုးရအဖွဲ့အတွင်း အဆင့်ဆင့် ကြိုးစားညှိနှိုင်းဖြေရှင်းခဲ့ပေမယ့် တိုးတက်မှုမရှိဘဲ ဝန်ကြီးဌာနဝန်ထမ်းတွေအပြင် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဝန်ထမ်းတွေအတွက်ပါ အန္တရာယ်မကင်းတဲ့ အခြေအနေကြုံတွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်ရေးအားကောင်းတဲ့ ကနီမြို့နယ်မှာ အခွန်ငွေ ကျပ်သိန်းပေါင်းများစွာကို ပသုံးလုံးနဲ့ သယံဇာတကော်မတီဝင် ၁၃ ယောက် အလွဲသုံးစားလုပ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းထားတာရှိတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

အရက်ဝယ်ပြီး ပြန်လာသည့် စစ်အုပ်စု မြို့လယ်ခေါင်တွင် ပစ်ခတ်တိုက်ခိုက်ခံရ၊ ၄ ဦး သေပြီး ၁ ဦး လွတ်မြောက်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်းမှာ အရက်ဝယ်ပြီးပြန်လာတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ရေဦးမြို့နယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်တွင် အကြမ်းဖက်စစ်တပ် ပြန်ဝင်လာမည်ကို မလိုလားသည့် ပြည်သူများ သံပုံးတီး ဆန္ဒပြ

အကြမ်းဖက်စစ်တပ် ရောက်လာမှာကို မလိုလားကြတဲ့ မိုးကုတ်မြို့နေပြည်သူတွေက နိုဝင်ဘာလ ၆ ရက် မနေ့ညပိုင်းမှာ မြို့လုံးကျွတ် သံပုံးတီး ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
Read More

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ စုစုပေါင်း ၅၆၇၅ ယောက်အထိ ရှိနေပြီဖြစ်တယ်လို့ AAPP ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ အကြမ်းဖက်စစ်တပ်ကြောင့် ကျဆုံး ခဲ့သူ ၅၆၇၅ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့နယ်တွင် ယနေ့မနက် အကြမ်းဖက်စစ်တပ် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်) ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က ဒီမနက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

NUG တရားဝင် တူးဖော်ခွင့်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေကို NUG ဝန်ကြီး ဒေါက်တာ တူးခေါင် ကွင်းဆင်းစစ်ဆေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG က တရားဝင်တူးဖော်ခွင့်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် က သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။