အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ CDM ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို အလေးထားပြီး သစ်တောသယံဇာတ စီမံအုပ်ချုပ်မှာ ပဋိပက္ခတွေ လျှော့ချရေးအတွက် တရားမဝင်ထုတ်လုပ်သယ်ဆောင်မှုကို တားမြစ်ခြင်းနဲ့ အခွန်ကောက်ယူမှု ယာယီရပ်ဆိုင်းမယ်လို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

အခုလ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ကာ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍ၊ သစ်နှင့် သစ်တောထွက်ပစ္စည်းတွေ တရားမဝင် ထုတ်လုပ်သယ်ဆောင်တာကို တားမြစ်အရေးယူတာနဲ့ အခွန်ဒဏ်ကြေးကောက်ခံတာကို ရပ်ဆိုင်းလိုက်တယ်လို့ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) သိရပါတယ်။

ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဇူလိုင်အထိ တော်လှန်ရေးအစိုးရအတွက် သစ်နှင့် သစ်တောထွက်ပစ္စည်းတွေကနေ အခွန်ဘဏ္ဍာရန်ပုံငွေ ကျပ် ၂၈ ဘီလီယံကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လည်ပတ်ရေးအတွက် ဝန်ကြီးဌာနအသီးသီးက အကြမ်းမဖက် အာဏာဖီဆန်မှု (CDM) ဝန်ထမ်းအင်အား ၈၀ ရာခိုင်နှုန်း ပါဝင်တာဖြစ်ပြီး CDM တွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အတွက် လုပ်ငန်းရပ်ထားတာဖြစ်တယ်လို့ MONREC က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကြားကာလ အရေးပေါ်လုပ်ထုံးလုပ်နည်းအတိုင်း သစ်နှင့် သစ်တောထွက်ပစ္စည်းတွေ စီမံခန့်ခွဲရာမှာ တရားမဝင် သစ်၊ သစ်တောထွက်ပစ္စည်းတွေ ထုတ်လုပ်သယ်ဆောင်မှုတွေကို စိစစ်အရေးယူတာ၊ ဒဏ်ကြေးကောက်ခံတာ၊ ဒေသအတွင်း အသုံးပြုမှုတွေအတွက် အခွန်ဒဏ်ကြေးပေးဆောင်ပြီး သယ်ဆောင်ခွင့်ပြုတာတွေ လုပ်ဆောင်ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို CDM တွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တာ၊ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်တာတွေရှိတဲ့အတွက် အစိုးရအဖွဲ့အတွင်း အဆင့်ဆင့် ကြိုးစားညှိနှိုင်းဖြေရှင်းခဲ့ပေမယ့် တိုးတက်မှုမရှိဘဲ ဝန်ကြီးဌာနဝန်ထမ်းတွေအပြင် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဝန်ထမ်းတွေအတွက်ပါ အန္တရာယ်မကင်းတဲ့ အခြေအနေကြုံတွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်ရေးအားကောင်းတဲ့ ကနီမြို့နယ်မှာ အခွန်ငွေ ကျပ်သိန်းပေါင်းများစွာကို ပသုံးလုံးနဲ့ သယံဇာတကော်မတီဝင် ၁၃ ယောက် အလွဲသုံးစားလုပ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းထားတာရှိတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့အတူ မျက်နှာစုံညီအစည်းအဝေး ပြုလုပ်

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက တပ်ခွဲအသီးသီးမှာရှိတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကို (၇၈၂၆) တပ်မဟာ စစ်နည်းဗျူဟာ (၁)၊ ဗျူဟာမှူးနဲ့အတူ အမှတ် (၉၄၂၀) တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူးတို့က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ရေးမြို့၊ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ၊ ကွမ်ကျိုက်တပ်စခန်းအနီးက စစ်ကောင်စီရဲ့ ကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

စလင်းမြို့နယ်က စိုးမိုးနယ်‌မြေအတွင်း လေကြောင်း၊ မိုင်းနဲ့လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်က စိုးမိုးနယ်‌မြေအတွင်းရှိ ကျေးရွာတွေမှာ စလင်းမြို့နယ်(ပ.က.ဖ)၊ဒု-တာဝန်ခံ(ပြည်သူ့ရေးရာ) နဲ့ ရဲဘော်တွေက တော်လှန်ရေးကာလ အသိပညာပေးစကားတွေ ဟောပြောအားပေးခဲ့ပြီး လေကြောင်း၊ မိုင်းနဲ့လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ ပေးခဲ့တယ်လို့ စလင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဆီဆိုင်နှင့် မောက်မယ်မှာ အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ဟု PNLA ပြော

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်မှာ အပစ်ရပ်ကာလအဖြစ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားစာရိတ်ဖို့ ထွက်လာတဲ့ ပျုစောထီး စနိုက်ဘာနဲ့ ပစ်ခံရလို့ သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပျူရွာက သိန်းတန် အမည်ရှိ ပျုစောထီးတစ်ယောက်ဟာ နွားစာရိတ်ဖို့ ထွက်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး၊ ကျည်ထိမှန်သေဆုံးသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု- PLC တပ်ဖွဲ့ထံမှ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်၊ ဒီကနေ့ မနက် ၈ နာရီကျော်လောက်မှာ အဲဒီပျုစောထီးတပ်သားဟာ သရက်ကန်ပျုရွာ အနောက်မြောက်ဖက်ခြမ်းရှိ မြေပဲခင်းဆီကို နွားစာရိတ်ဖို့ ထွက်လာချိန်မှာ စနိုက်ဘာနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ရင်ဘတ်ကိုထိမှန်ကာ သေဆုံးသွားတယ်လို့ သိရတာပါ။
Read More

ဗျူဟာအမှတ် (၈၁) – ယောဗျူဟာကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအကြိမ် လက်နက်တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂန့်ဂေါခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာကို ဒုတိယအကြိမ်အဖြစ် လက်နက်တွေ တပ်ဆင်ပေးတဲ့ လက်နက်တပ်ဆင်ပွဲ အခမ်းအနားကို ယောနယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။