မွန်ပြည်တော်လှန်ရေးတပ်ရဲ့ နိုင်ငံရေးသင်တန်း အမှတ်စဥ် (၁/၂၀၂၅) ကို အောင်မြင်စွာ ပို့ချပြီးစီးခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်ပါတယ်။

အဆိုပါ သင်တန်းမှာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးသမိုင်း၊ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးသမိုင်း၊ ဖက်ဒရဘ် အခြေခံသဘောတရား၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး၊ ဒီမိုကရေစီ အခြေခံသဘောတရား၊ စစ်ရေးမဟာဗျူဟာနှင့် ပြောက်ကျားစစ်၊ စစ်ဘက်နှင့် အရပ်ဘက် ဆက်ဆံရေး၊ တော်လှန်ရေးရဲဘော် ကျင့်ဝတ်တွေ စတဲ့အကြောင်းအရာတွေကို သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးကဏ္ဍကို အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်း (MSFC) က သင်ကြားကာ စစ်ရေးကဏ္ဍကို ဒုတပ်ရင်းမှူး ဗိုလ်မှူး ဗညားနွန်က သင်ကြားပေးခဲ့တဲ့ အဆိုပါသင်တန်းမှာ မွန်ပြည်တော်လှန်ရေးတပ်ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ စုစုပေါင်း အယောက် ၃၀ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်အုပ်စု မတရားဖမ်းဆီးထားသည့် MMA ဖိုက်တာ ဖိုးသော် အကျဉ်းထောင်ထဲမှ အောင်လအန်ဆန်ထံ စာပို့

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီး အကျဥ်းချထားတဲ့ MMA ဖိုက်တာ ဖိုးသော်က အကျဉ်းထောင်ထဲကနေ ပေးပို့လိုက်တဲ့စာကို One Championship ရဲ့ Hall of Fame ဖြစ်လာမယ့် MMA ကစားသမား အောင်လအန်ဆန်းက သူ့ရဲ့ Facebookစာမျက်နာမှာ အသိပေးဖော်ပြထားပါတယ်။
Read More

ချင်းညီနောင်တပ်ဖွဲ့ဝင်တွေကို အာရက္ခတပ်တော် AA က လက်နက်တွေတပ်ဆင်ပေး

အာရက္ခတပ်တော်(AA)က ချင်းညီနောင်တပ်ဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ(တပ်မဟာ ၁)ကို စစ်လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့ကြောင်း မတူပီ (တပ်မဟာ ၁) က အသိပေးဖော်ပြလာပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့မှာ အခမ်းအနားနဲ့ လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
Read More

တိုက်ပွဲများ နီးကပ်လာသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မည်ဟု စစ်ကောင်စီ ပြော

တိုက်ပွဲတွေနဲ့ နီးကပ်လာတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသက အထူးစီးပွါးရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် Timeline ချမှတ်ပြီး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွါးဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။
Read More

“ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” လူထုသပိတ်တိုက်ပွဲကျင်းပ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့၊ မြို့တော်ခန်းမရှေ့မှာ “ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး မြေပြင်လူထုသပိတ်တိုက်ပွဲကို Free Burma Action Committee-Northern California က လုပ်ဆောင်ခဲ့ပါတယ်။
Read More

စိုင်ပြင်လေးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို ဓားစာခံအဖြစ် နမခ ထဲ ခေါ်သွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers – PDF (အညာဒေသ) တပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံး…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers - PDF (အညာဒေသ)တပ်ဖွဲ့က ရဲဘော် ၁ ယောက်ဟာ စစ်ကူနဲ့ ရိက္ခာဖြတ်တောက်ရေးစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။