ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အေးရွာလေးကို အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးသီး ၉ လုံး လာရောက်ကြဲချခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၆ ရက် မနေ့ နေ့လယ် ၃နာရီလောက်မှာ သဲကုန်းမြို့ကနေ တက်လာတဲ့ စစ်အုပ်စုရဲ့စက်တပ်လေထီး ၃စီးဟာ အေးရွာလေးကို ၁၂၀ မမ ဗုံးသီး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ယောက် ဦးခေါင်းကို ဗုံးစထိမှန် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“စစ်ရေးလှုပ်ရှားမှု တိုက်ပွဲဖြစ်ပွားခြင်း မရှိပါဘူး။ ဒီအတိုင်း လာချသွားတာ။ အရင်တစ်ခါကလည်း လာကြဲဖူးတယ်။ ဒီတစ်ခါနဲ့ဆို ၂ကြိမ်ပါ။ ရွာသားတွေကတော့ ကြောက်လို့ ထွက်ပြေးကုန်ကြတယ်” လို့ ကြို့ပင်ကောက် နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးဟာ ရွာအနှံ့ ဗုံးလိုက်ကြဲတာကြောင့် ဗုံးသီးတချို့ ရွာစာသင်ကျောင်းကို ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ထိခိုက်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။

“ဗုံးသီး ၉လုံးကို ရွာအနှံ့ချခဲ့တာ.. စာသင်ကျောင်းပေါ်ကို တစ်လုံး ကျတယ်။ အဲဒီနေ့က ကျောင်းပိတ်ရက်ဖြစ်တော့ ကျောင်းသားတွေ ထိခိုက်မှုတော့ မရှိခဲ့ဘူး။ စာသင်ကျောင်းပဲ ပျက်စီးသွားတယ်” လို့ အထက်ပါ ‌ဒေသခံက ပြောပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့တုန်းကလည်း နတ်တလင်းမြို့နယ် ငုတ်တိုရွာနဲ့ ကံစုရွာတွေထဲကို အကြမ်းဖက်စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးသီး ၁၀ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကံစုရွာက ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူကာ လူတစ်ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

မိုးမိတ်မြို့နယ် အောင်မြေရွာအနီး အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံ ဗုံးလာရောက်ကြဲချတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၁၀ ရက် မနေ့က မွန်းလွဲပိုင်းမှာ မိုးမိတ်မြို့နယ်၊ အောင်မြေရွာအနီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၂)လုံးနဲ့ (ရော့ကဒ်) လက်နက်ကြီး(၆)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း (၇) တပ်ရင်းမှူးရဲ့ ရက်လည်ဆွမ်းသွပ်… (ဓာတ်ပုံသတင်း)

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း(၇) ရဲ့ တပ်ရင်းမှူး ကိုအောင်ဟိန်းဖြိုး (ခ) ရဲဘော်ဇိုးကြီးကို ရည်စူးပြီး သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူကာ ကုသိုလ်ပြုအမျှပေးဝေခဲ့တယ်လို့ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ထန်းတပင်မြို့နယ်မှာ စစ်တပ်ရဲ့ ထောက်ပို့စစ်ကြောင်းကို တိုက်ခိုက်ရာ လက်နက် ၅ လက် သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထောက်ပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး -KNU တပ်မဟာ (၂) စစ်ရေးလှုပ်ရှားမှုအတွက် ရံပုံငွေ ရှာဖွေပေးနေတဲ့ စစ်တောင်းကမ်ပိန်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့နယ်က ငလျင် ဘေးဒဏ်သင့် အိမ်ထောင်စု (၅၀၀) ကို မြို့နယ် ပကဖ ရိက္ခာ‌ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက ငလျင်ဘေးဒဏ်သင့် အိမ်ထောင်စု (၅၀၀) ကို စစ်ကိုင်းမြို့နယ် ပကဖ က ရိက္ခာ ထောက်ပံ့သွားမယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ပဲခူးတိုင်းမှာ ၂၀၂၅ ခုနှစ် ပထမ ၄ လအတွင်း စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၃၂ ဦးရှိဟု AAPP ထုတ်ပြန်

ပဲခူးတိုင်းမှာ ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိအပါ ၄ ဦး သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်ရှိ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိ (၁) ယောက်အပါအဝင် စစ်ကောင်စီတပ်သား (၄) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။