ရွေးကောက်ပွဲအတုကို ဝေဖန်တာ၊ မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးတာနဲ့ ပေါ်တာဆွဲတွေအပါအဝင် နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းထဲမှာ လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ စစ်မှုထမ်းကျောင်းနဲ့ အကျဥ်းထောင်တွေဆီ ပို့ဆောင်ခံရသူ အယောက် ၂၀နီးပါး အထိရှိခဲ့ကြောင်း Rangoon Scout Network ရဲ့အဆိုအရ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ မတရား ဖမ်းဆီးတဲ့ဖြစ်စဥ်တွေကို လစဥ်ဖော်ပြနေတဲ့ Rangoon Scout Network ရဲ့ ပြောကြားချက်အရ ရန်ကုန်မြို့မှာ နိုဝင်ဘာလတစ်လထဲမှာပဲ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၁၄ ယောက်အထိရှိခဲ့ပြီး အဲ့ဒီထဲက ၄၃ယောက်သာ ပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။

သတင်းအတိအကျနဲ့ ရှာဖွေ၊ စောင့်ဆိုင်း ဖမ်းဆီးခံရသူ ၂၇ယောက်အထိရှိခဲ့သလို လမ်းပေါ်သွားလာရင်းနဲ့ ဖမ်းဆီးခံရသူ၊ လမ်းဘေးထိုင်နေရင်း ဖမ်းဆီးခံရသူ ၃၁ ယောက်ထိရှိခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ခရီးသွားလာနေရင်းကနေ ရှောင်တခင်စစ်ဆေးမှုကြောင့် ဖမ်းဆီးခံရတာ၊ ဧည့်စာရင်းကြောင့် ဖမ်းဆီးခံရသူ ၄၄ယောက်အထိရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်လက်ပြီး အလုပ်ရမယ်ဆိုပြီး မက်လုံးပေးဖမ်းဆီးတာ၊ ပြည့်တန်ဆာကတဆင့်မျှားပြီး ဖမ်းဆီးတာတွေကိုလည်း စစ်အုပ်စုက လုပ်ဆောင်ခဲ့ပါတယ်။
Rangoon Scout Network ရဲ့အဆိုအရ စစ်ရေးလှုပ်ရှားရာတွင် ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ၅ယောက်ရှိခဲ့ပြီး စုံစမ်းမရသေးကြောင်းလည်း သိရပါတယ်။

အင်းစိန်ထောင်ရှေ့ တကိုယ်တော်ဆန္ဒပြခဲ့တဲ့ အမျိုးသမီး ၁ ယောက်ဖမ်းဆီးခံရမှုအပါအဝင် အွန်လိုင်းပေါ်ကနေ ရွေးကောက်ပွဲအတုအပေါ် ဝေဖန်ပြောဆိရေးသားမှုနဲ့ ရန်ကုန်တိုင်းအတွင်းက လူ ၆ယောက် ဖမ်းဆီးခံခဲ့ရသလို မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးမှုကြောင့်လည်း ၄ယောက်ထက်မနည်း ဖမ်းဆီးခံထားရပါတယ်။

“အခုဆို သူတို့ရွေးကောက်ပွဲအတုကို ဖေ့စ်ဘုတ်ကနေ အကောက်စစ်နဲ့ သွားပြီးတစ်ခုခုပြောမိရင် ဖမ်းခံရမလားဆိုပြီး ကြောက်နေရပြီ။ အခုလည်းအဲ့လိုနဲ့ ဖမ်းခံထားရသူတွေရှိတော့ ပြည်တွင်းကသူတွေအနေနဲ့ သတိထားသင့်တယ်” လို့ မဲဆောက်ရောက် နိုင်ငံရေးလေ့လာသုံးသပ်သူ ၁ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လက်ရှိမှာ စစ်မှုထမ်းအပတ်စဥ် ၁၉ကို စတင်နေပြီလို့သိရပြီး၊ နိုဝင်ဘာလအတွင်း ဖမ်းဆီးရမိသူတွေထဲက ၂၃ယောက်ကို စစ်မှုထမ်းအဖြစ် ရည်ရွယ်ဖမ်းဆီးခဲ့တာဖြစ်ကြောင်းနဲ့ သင်တန်းကျောင်း ပို့ဆောင်ခံရတယ်လို့ အတည်ပြုရမိသူ ၉ ယောက်ရှိကြောင်း Rangoon Scout Network ထံကသိရပါတယ်။

“အခုဆို လမ်းပေါ်လိုက်ဆွဲတာတွေ၊ အိမ်ထိလိုက်ဆွဲတာတွေ၊ အလုပ်နဲ့ မျှားခေါ်တာတွေ၊ မူးယစ်ဆေးကျွေးပြီး ဆွဲသွားတာတွေအပြင် နိုဝင်ဘာလထဲ ပြည့်တန်ဆာနဲ့ မျှားခေါ်တာပါ ထပ်တိုးတွေ့လာရတယ်ဗျ။ တချို့ကို ငွေပေးမှ ပြန်လွှတ်ပေးတော့ ဒီကောင်တွေအတွက် ငွေရပေါက် ဂွင်ကြီးဖြစ်နေပြီး လူငယ်တွေကို လိုက်ချောင်းပြီး နည်းလမ်းပေါင်းစုံနဲ့ ဆွဲနေတာမို့ သတိပြုကြဖို့ လိုပါတယ်” လို့ Rangoon Scout Network တာဝန်ရှိသူက ဆက်ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

မင်းလှမြို့မရဲစခန်းမှ ကင်းလှည့်ထွက်လာသည့် ရဲဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်သားတွေကို တော်လှန်ရေးတပ်တွေက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၃ တပ်စခန်းမှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်- မုံရွာလမ်းပိုင်းမှာ PDF တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

မြိုင်က ကျေးရွာတွေမှာ မဖြစ်မနေ ဗုံးခိုကျင်းတွေတူးထားဖို့ မြိုင်ပကဖ က ထုတ်ပြန်ညွှန်ကြား

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ လေကြောင်းရန်ကာကွယ်ဖို့ ဗုံးခိုကျင်းများ ကြိုတင်ပြီး မဖြစ်မနေတူးထားဖို့  မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မတ်လ ၃ ရက်နေ့ မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးကို ထောက်ပံ့မယ့် ဖြူဖြူကျော်သိန်းရဲ့ ကိုရီးယားနိုင်ငံ ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

ကိုရီးယားနိုင်ငံမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ထောက်ပံ့ကူညီသွားမယ်လို့ သိရပါတယ်။
Read More

ဒဂုံတက္ကသိုလ်ကျောင်းသား ခင်မောင်ဌေး (ခ) ကျန်ကျောင်းကို စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်ဆိုပြီး မတရားဖမ်းဆီး

ဒဂုံတက္ကသိုလ်၊ ဇီဝဓာတုဗေဒအထူးပြု စတုတ္ထနှစ် ကျောင်းသား ခင်မောင်ဌေး (ခ) ကျန်ကျောင်း (အသက် ၂၅ နှစ်) ကို စက်တင်ဘာလ ၂၆ ရက်မှာ Anonymous Force အဖွဲ့ဝင်လို့စွပ်စွဲပြီး မတရားဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်ထားကြောင်း ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။