ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့တောင်ဘက် ဆားဂွန်းဂိတ်မှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်သားများ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်သား ၂ ဦး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်သုံ့ပန်း ၂ ဦးဟာ စစ်ဆေးနေချိန်မှာပဲ သေနတ်လုယူ ထွက်ပြေးခဲ့တဲ့အတွက် လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဖြူးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်အနေနဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ဆားဂွန်းဂိတ်မှာ တာဝန်ယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်များ ဇေယျာဝတီ အရှေ့တောင်ဘက်၊ ကြပ်ကွင်းကျေးရွာ၊ ကြပ်ကွင်းတာဝါတိုင်အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့တာဖြစ်ပြီး၊ တိုက်ပွဲအတွင်းမှာ ကြည်တင်နဲ့ မြင့်ကြည်လို့ အမည်ရတဲ့ စစ်သား ၂ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာပါ။

အဲဒီနောက်မှာတော့ စစ်သုံ့ပန်း ၂ဦးကို ဖြူးမြို့နယ် ပကဖ တပ်စုမှုးက စစ်ဆေးမေးမြန်းနေချိန်မှာပဲ တပ်စုမှူးကိုင်ဆောင်တဲ့ 9 mm သေနတ်ကို လုယူထွက်ပြေးပြီး ခုခံထွက်ပြေးခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်များက လိုက်လံပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ သိရပါတယ်။

“ညပိုင်းမှာ စုမှူးက သေချာလေး စစ်မေးနေချိန်မှာ ကြည်တင်နဲ့မြင့်ကြည်က သေနတ်လုတာပါ။ ကြည်တင်က ဦးဆောင်သူပါ” လို့ ဖြူးမြို့နယ်ပကဖ တာဝန်ရှိသူတဦးက မောင်းကို ပြောပါတယ်။

ကြည်တင်ဆိုသူဟာ ဖြူးမြို့နယ် ခမရ-၃၀၆ တပ်ရင်းမှ တပ်ကြပ်ကြီးရာထူးနဲ့ ပင်စင်ယူထားပြီး အာဏာသိမ်းပြီးချိန်မှာ စစ်တပ်နဲ့ ပြန်လည်ပူးပေါင်းပြီး ဖြူးမြို့နယ်အတွင်းက တံခွန်တိုင်ဂိတ်၊ ဆားဂွန်းဂိတ်တွေမှာ အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူကာ ပြည်သူတွေကို ဒုက္ခပေးနေသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း G-3 သေနတ် ၁ လက်၊ G-4 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ဘောက်နဲ့ ကျည်၁၅ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Video-ဖြူးမြို့နယ် ပကဖ
0 Shares:
You May Also Like
Read More

စစ်ကိုင်းဗဟိုပြုလှုပ်ခဲ့သည့် ငလျင်ကို မန္တလေးငလျင်ကြီးဟု စစ်ကောင်စီ အမည်ပေး (ရုပ်/သံ)

၂၀၂၅ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကို မန္တလေးငလျင်ကြီးလို့ အမည်သတ်မှတ်ပြီး သတင်းရေးသားရာမှာ သုံးစွဲကြဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပါတယ်။
Read More

ကျုံဒိုးမြို့နယ် သလွဲထော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက်သေဆုံးပြီး ကိုရင် ၁ ပါး အပါအဝင် ပြည်သူ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် သလွဲထော်ကျေးရွာကို ဧပြီ ၁၈ ရက် မနေ့ကအကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ယောက်သေဆုံးပြီး ကိုရင် ၁ ပါးအပါအဝင် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ၇ ရက်တာအတွင်း ဒရုန်းနဲ့ ဗုံးသီး ၃၂ လုံးကြဲချတိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်းက မင်္ဂလာပျူစခန်း၊ ပန်းရံပျူစခန်း၊ သီးလုံးပျူစခန်း၊ ဆိပ်ခွန်စခန်းနဲ့ မင်းကုန်း စစ်တပ်အထိုင်စခန်းတွေကို ၇ ရက်တာအတွင်း ဗုံးသီး ၃၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ HG FIGHTERS-Shwe Bo အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကြောင်းထိုးမယ့် စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းက ရသေ့ကျောင်းအနီး စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အစည်းအဝေးတက်ဖို့လာတဲ့ ပျူစောထီးယာဉ်ကို တိုက်ခိုက်မှု ပျူဒုခေါင်းဆောင်နဲ့ တပ်မ ၁၀၁၁ က ပျူသင်တန်းဆရာအပါအဝင် ၈ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ကို အစည်းအဝေးတက်ဖို့လာတဲ့ အင်အား ၁၁ ယောက်ပါ ပျူစောထီးယာဉ်ကို ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက ပခုက္ကူ-မြစ်ခြေလမ်းခွဲ အရှေ့ဘက်တစ်နေရာမှာ တော်လှန်ရေးတပ်တွေ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။