စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံများဆီက သိရပါတယ်။

ဒီဇင်ဘာ ၅ ရက် မနေ့က ည ၈ နာရီလောက်မှာ မိတ္ထီလာရှမ်းတဲလေတပ်ကနေ တက်လာတဲ့ MiG – 29 ဂျက်ဖိုက်တာ ၁ စီးဟာ မရကန်ကျေးရွာထဲကိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀ နီးပါးသေဆုံးပြီး သေဆုံးသူတွေထဲမှာ ၅ နှစ်အရွယ် ကလေးတစ်ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“ထိခိုက်သေဆုံးကတော့ ကျနော်တို့အလောင်းတွေ့ရတာ ၁၈ ဦး၊ ထပ်တိုး တစ်ဦးရှိတယ်လို့လည်း ကြားတယ်၊ အဲဒီမှာ ၅ နှစ်အရွယ် ကလေးတစ်ဦးပါတယ်။ ၂၀ ကတော့ကျော်မယ်လို့ထင်တယ်၊ တစ်ချို့ရှာမတွေ့တာတွေ ရှိတယ်လို့လည်းသိရတယ်” လို့ ဒီပဲယင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိသလို၊ နေအိမ် ၁၅ လုံးထက်မနည်းလည်း ထိမှန်ပျက်ဆီးသွားပါတယ်။ ရွာထဲက ဒေသခံတစ်ချို့ ဟာ လက်ဖက်ရည်ဆိုင်မှာ ဘောလုံးပွဲ ကြည့်နေကြစဥ်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ဒဏ်ရာရတာတွေလည်း များတယ်လို့ သိရတယ်၊ ရွာခံပြည်သူတွေ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက် ၊ ဘောလုံးပွဲကြည့် … အဲလိုအချိန်ပေါ့ဗျာ၊ အဲဒါကို ဒီအတိုင်း လာကြဲတာ ကျန်တဲ့ဟာဘာမှမရှိဘူး သေဆုံးတော့လည်း သာမန်ပြည်သူတွေပဲ သေကြတာ ” လို့ အထက်ပါနယ်မြေခံက ဆက်ပြောပါတယ်။

အခုလို စစ်ကော်မရှင်တပ်တပ်က ထိတွေ့ပစ်ခတ်မှုမရှိပဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတချို့ဟာ ကျေးရွာမှာ မနေရဲတော့ပဲ နီးစပ် ရာကျေးရွာတွေမှာ သွားရောက်ရှောင်တိမ်းမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

အရှိုချင်းကာကွယ်ရေးတပ် – ACDF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ( ၅ ) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် - ACDF ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နွေဦးတော်လှန်ရေးအတွက် အမေရိကန် မြို့ကြီးတွေမှာ ရောင်နီ လာမယ်

ရောင်နီ live 2025 ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်နိုင်ငံက မြို့ကြီးတွေမှာ ဂီတဖျော်ဖြေပွဲတွေ ကျင်းပသွားမှာဖြစ်ပြီး ရရှိတဲ့ အမြတ်အားလုံးကို တော်လှန်ရေးအတွက် အသုံးပြုနိုင်ဖို့ မြေပြင်ကို အမြန်ဆုံးပို့ဆောင်သွားမှာ ဖြစ်ကြောင်း တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်သူ အဆိုတော်လင်းလင်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၈၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ် …

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က နှောကုန်းရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရင် အဘွားအို ၁ ယောက်အပါဝင် အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တောင်သူများထံမှ မိုးရာသီစိုက် ဘဏ်ချေးငွေများ တောင်းခံခြင်းမပြုလုပ်ရန် လက်ပံတန်း ပကဖ ထုတ်ပြန်

ပဲခူတိုင်း၊ လက်ပံတန်းမြို့နယ်က တောင်သူတွေရဲ့ မိုးရာသီစိုက် ဘဏ်ချေးငွေတွေကို တောင်းခံခြင်းမပြုလုပ်ကြဖို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အခြေစိုက် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ (သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) က အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်တွင် အင်အားဖြည့် စစ်တပ်စစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်များ တိုက်ပွဲ ၃ကြိမ်ဖြစ်၊ အကြမ်းဖက် စစ်ကော်မရှင်ဘက်က ၂၅ ဦး သေပြီး၊ အယောက် ၃၀ ကျော် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ ရက် ဖြစ်ပွားပြီး စစ်သားနဲ့ ပျူစောထီး ၂၅ ယောက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDSOM ဗိုလ်စင်္ကြာစစ်ကြောင်း ရဲဘော် စမာက မောင်းကိုပြောပါတယ်။