ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းရှိ လေ ကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ကို အသေခံဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၄ ရက် မနေ့မနက်ပိုင်းက ဝရဇိန်တပ်ဖွဲ့က “Operation Thunderbolt” စစ်ဆင်ရေးအဖြစ် အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းကို အဆင့်မြင့် FPV အသေခံဒရုန်း ၄ စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ စီးဟာ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ထားရာနေရာတွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှု ကာကွယ်ဖို့ တပ်ဆင်ထားတဲ့ Jammer စက်တွေ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်တပ်က အထိနာပြီး MI-35 ရဟက်ယာဉ်နဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် မြေပြင်ရဲဘော်တွေ ဘေးလွတ်ကင်းရာ ရောက်တဲ့အထိ စောင့်ဆိုင်းပြီးမှသာ သတင်းထုတ်ပြန်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“Operation Thunderbolt” စစ်ဆင်ရေးဟာ ဝရဇိန်တပ်ဖွဲ့က ဦးဆောင်ပြီး မြေပြင်တိုက်ခိုက်ရေး မဟာမိတ်အဖြစ် “သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ” နှင့်အတူ ပူပေါင်းကာ အဆင့်မြင့်နည်းပညာတွေနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်တဲ့ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ် တယ်လို့ သိရပါတယ်။

Video-ဝရဇိန်

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းပျူစခန်းကနေ ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းပျူစခန်းကနေ ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို နိုဝင်ဘာ ၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ် လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီဘက် မောင်းနှင်လာသည့် အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းအတွင်း မြိတ်မြို့ဘက်ကနေ တနင်္သာရီဘက် မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၇ ရက်မှာ ကျင်းပပြု လုပ်ခဲ့တယ်လို့ Karenni Nationalities Defence Force က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်သာမြို့ Off-Take Gas Station တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ လက်နက်ကြီးငယ်များဖြင့် ပိတ်ဆို့တိုက်ခိုက်ခံရ၊ ၂ ဦး သေပြီး ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် Off-Take Gas Station မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၂ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ပကဖ၊ တောင်သာမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်၏ လက်နက်ကြီးကျည် လူနေရပ်ကွက်ထဲ ကျရောက်ခဲ့သည့် မှတ်တမ်းရုပ်သံ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်မှာ နိုဝင်ဘာ ၂၁ ရက် မနေ့ညပိုင်းက လက်နက်ကြီးပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။