မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်တဝိုက်မှာ စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရမှု အယောက် ၃၀ ကျော်ရှိနိုင်ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People’s Defence Force ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ အဆိုပါ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ တော်လှန်ရေးတပ်တွေ အသာစီးရခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်မှုတွေ များပြားခဲ့ကြောင်း Earthquake People’s Defence Force တာဝန်ရှိသူက ဆိုပါတယ်။

“စစ်ကြောင်းက အင်အားများလား/နည်းလားဆိုတာကို အတိအကျပြောဖို့ ခက်ပါတယ်။ မြိုင်နယ်ထဲမှာ စက်မှု ၂ ဆိုတာရှိတယ်။ တခါတလေ အင်အားနည်းလည်း စက်မှု ၂ နဲ့ ပျူရွာတွေကို ဝင်ပြီးရင်တော့ အင်အားများလာတာ ရှိသလို နည်းသွားတာလည်း ရှိပါတယ်။ အခုကတော့ ကျနော်တို့ လက်ဦးမှုပေါ့နော်၊ အသာစီးရသွားလို့ သူတို့ဘက်က အထိအခိုက်များသွားတာပါ” လို့ Earthquake People’s Defence Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြေပြင်တိုက်ခိုက်ရေးအပြင် ဒရုန်းတိုက်ခိုက်ရေးတွေကိုပါ အသုံးပြုခဲ့တာကြောင့် စစ်တပ်စစ်ကြောင်းဘက်က အယောက် ၃၀ နီးပါး ဒဏ်ရာရရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။
“သေဆုံးကတော့ ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး။ ထိခိုက်တာကတော့ ၃၀ ပတ်ဝန်းကျင် နီးပါးရှိတယ်။ အဲဒီပတ်ဝန်းကျင်မှာ ဆေးကုထားတဲ့ ခြေရာလက်ရာတွေကိုလည်း ဒရုန်းကနေ ကြည့်တော့ တွေ့ရတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်သားတွေထံက စစ်လက်နက်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ပြီး စစ်တပ်ရဲ့ တပ်မ ၉၉ လက်အောက်ခံ စစ်သုံပန်း ၁ယောက်ကိုလည်း အရှင်ဖမ်းဆီးထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Earthquake People’s Defence Force ၊ ပခုက္ကူခရိုင် Local တပ်ရင်း ၁ (PDLB) ၊ MGY PDF ၊ Kanma Underground Force (ကမ္မတပ်ပေါင်းစု) နဲ့ မြိုင်ပကဖတို့ ပူးပေါင်းဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပခုက္ကူအခြေစိုက်အဖွဲ့တွေ ဖြစ်ကြတဲ့ Earthquake People Defence Force ၊ ThuRain-TR ၊ Six Senses Guerrilla Force ၊ Justice Revolution Force ၊ Hunter Pakokku ၊ Pakokku Red Fighter Force ၊ ပခုက္ကူမြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ အစရှိတဲ့ Local အဖွဲ့ (၇)ဖွဲ့ စုပေါင်းပြီး လိုအပ်တဲ့ လက်နက်၊ ခဲယမ်းတွေအတွက် “ဥဒါန်းတွင်စေ တော်လှန်မြေ” ကမ်ပိန်းပြုလုပ်နေတာကြောင့် ဝိုင်းဝန်းပါဝင်ပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
0 Shares:
You May Also Like
Read More

AA ရဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း AA တရားဝင်ထုတ်ပြန်၊ မကြာခင် ပြန်လွှတ်ပေးတော့မယ့် ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း (၂၈) ယောက် သေဆုံးပြီး (၂၅) ယောက် ဒဏ်ရာရရှိခဲ့

ရက္ခိုင့်တပ်တော် AA ရဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၁) စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း (၂၈) ယောက် သေဆုံးပြီး (၂၅) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ AA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် တောင်ငူ ဝေဠုဝန်ဘုန်းကြီးကျောင်းပြိုကျပြီး ကိုရင် တစ်ပါးအပါ စစ်ဘေးရှောင်ကလေးငယ် ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် ဝေဠုဝန်ဘုန်းကြီးကျောင်း သိမ်ပြိုကျခဲ့ပြီး ကိုရင်ငယ် ၁ ပါး အပါအဝင် စစ်ရှောင်ကလေးငယ် ၆ လောင်း တွေ့ရှိခဲ့တယ်လို့ Save The Trees Rescue Team က ဖော်ပြထားပါတယ်။
Read More

စလင်းမှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်သည့် ဒုရဲအုပ်အမျိုးသမီး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ဒုရဲအုပ် လဲ့လဲ့စိုးပစ်ခတ်ရှင်းလင်းခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ပုဂံမြို့သစ်တွင် စစ်အုပ်စုကင်းပုန်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့မှုဖြစ်

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မနေ့က သြဂုတ်လ ၂၇ ရက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကုန်ကားများကို ဆက်ကြေးကောက်နေသည့် ရဲလင်မယား ပစ်ခတ်ခံရပြီး ရဲယောက်ျား သေဆုံး၊ ကိုယ်ဝန်သည် ရဲမိန်းမကို ပြန်လွှတ်ပေးခဲ့

မကွေးတိုင်း၊ ပုခုက္ကူမြို့နယ်မှာ ကုန်ကားတွေဆီက ဆက်ကြေးငွေကောက်နေတဲ့ ရဲလင်မယားကို တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ရာ ရဲအမျိုးသားဖြစ်သူ သေဆုံးသွားပြီး အမျိုးသမီးဖြစ်သူကိုတော့ အရှင်ဖမ်းမိခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

ဆိုးရွားယုတ်မာတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီ သက်ဆိုးမရှည်ရေး နိုင်ငံတကာ ကူညီပေးဖို့ NUG တောင်းဆို

စစ်ကောင်စီရဲ့  စစ်ရာဇ၀တ်မှုကျူးလွန်နေမှုအပေါ် နိုင်ငံတကာက တစ်စုံတစ်ရာ အရေးယူမှုတွေ မပြုလုပ်တာကြောင့် ပိုမိုအတင့်ရဲနေခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။