ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ စစ်လက်နက်တွေထဲက သေနတ် ၁၄ လက်ကို တိုက်နယ် ပကဖတွေနဲ့ UG ပကဖတွေထံ ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

တော်လှန်ရေးရဲဘော်တွေအတွက် MA1 သေနတ် ၁၀ လက်နဲ့ G3 သေနတ် ၄လက်၊ စုစုပေါင်း သေနတ် ၁၄လက် ဂုဏ်ပြုပေးအပ်ပွဲကို မနေ့က ဒီဇင်ဘာ ၂ ရက်နေ့မှာ အခမ်းအနားနဲ့တကွ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း ၄ ရက်ကြာ ယာယီတပ်အထိုင်ချပြီး ပျဥ်ထောင်ပျူရွာဘက် ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး အင်အား ၁၈၀ ဝန်းကျင်ကို ခင်ဦးမြို့နယ် ပကဖနဲ့ ဒေသအခြေစိုက် ပူးပေါင်းတပ်ဖွဲ့တွေက လမ်းခုလတ်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ကြပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုက ထိခိုက်သေဆုံးများစွာနဲ့ သေဆုံးအလောင်းတွေ ပြန်မသယ်နိုင်ဘဲ ဆုတ်ခွာထွက်ပြေးခဲ့ရသလို ငါးကြင်းမြှီး (၁)လက်၊ MA-1 (၁၀)လက်၊ MA-2 (၃)လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း(၁)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ G-3 (၄)လက်၊ MAS Sniper (၁)လက်၊ M1-(၅) လက်နဲ့ ဆက်စပ် ကျည်ခဲယမ်းအစုံ အများအပြားကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။

လက်နက်ပေးအပ်တဲ့ အခမ်းအနားမှာတော့ မြို့နယ် ပကဖ တာဝန်ခံ၊ ပကဖ ဒုတာဝန်ခံ၊ အင်အားစုဖွဲ့ လေ့ကျင့်ရေးတာဝန်ခံ၊ စစ်လက်နက်တာဝန်ခံ၊ ကူကယ်တာဝန်ခံ၊ ဆက်သွယ်ရေးတာဝန်ခံ၊ သတင်းတာဝန်ခံ၊ ပကဖ ဘဏ္ဍာရေး၊ ပကဖ ရုံးအဖွဲ့မှူးနှင့် ပကဖ တပ်စိပ်မှူးတို့က ပေးအပ်ခဲ့ပြီး တိုက်နယ် (၁) (၂) (၃) (၄) (၅) ပကဖ ခေါင်းဆောင်၊ ဒုခေါင်းဆောင်နှင့် အဖွဲ့တွေ၊ UG ပကဖ ခေါင်းဆောင်နှင့် အဖွဲ့တွေ၊ သက်ဆိုင်ရာ ပကဖ ရဲဘော်တွေက အသီးသီး လက်ခံရယူခဲ့ကြတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ဘက်ဂျက်ငွေ အကြောင်းပြပြီး ထောင်မှာ အစားအသောက်‌ လျှော့ကျွေး

အာဏာသိမ်း စစ်ကောင်စီဟာ ဘက်ဂျက်ငွေကို အကြောင်းပြပြီး အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို အစားအသောက်တွေ လျှော့ကျွေးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ အရပ်သားလူငယ်တစ်ယောက် PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး အသတ်ခံရ၊ မြို့ပေါ်မှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးတာတွေ ပိုပိုများလာလို့ မြို့ခံတွေထိတ်လန့်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရပ်ကွက်တွေမှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးမှုတွေ ပိုမိိုဆိုးရွားလာပြီး အရပ်သားလူငယ်တစ်ယောက်ကိုလည်း အကြမ်းဖက်စစ်အုပ်စုက PDF အဖြစ် စွပ်စွဲသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေဦးမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆လသား နဲ့ ၆နှစ်အရွယ် ကလေးငယ်တွေအပါ ၃ယောက်သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆လသား ကလေးငယ်အပါအဝင် ၃ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။
Read More

ငလျင်အတွက် နိုင်ငံပေါင်း ၂၀ မှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၀၀ကျော် မြန်မာနိုင်ငံကို ရောက်ရှိနေ ဟု စစ်ကောင်စီပြော

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ယောက် ရောက်ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

မြိတ်က စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ဘုတ်လမ်းဆုံမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တပ်သားသစ်တွေ ထွက်ပြေးလို့ လိုက်ရှာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ တပ်သားသစ် ၃ ယောက် ထွက်ပြေးတာကို လိုက်ရှာစဉ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်လာပါတယ်။