စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁ ရက်က မြင်းမူမြို့နယ် မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေဟာ လက်နက်ကြီးတွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Myaung Drone Force MDF နဲ့အတူ မြင်းမူမြို့နယ် ပ.က.ဖ. ၊ SDDF စစ်ကိုင်းခရိုင်ဒရုန်းတပ်ဖွဲ့၊ HAWK GUERRILLA FORCE၊ ဧရာမြွေပွေး NZN၊ JUSTICE WARRIORSတပ်ဖွဲ့နဲ့ Revolutionary Air Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Myaung Drone Force M.D.F

0 Shares:
You May Also Like
Read More

ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့ကို ဧပြီ ၃၀ ရက်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို KNLA နဲ့ တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်က လေကြောင်းကနေ ကျောက်မဲဆေးရုံကို ၂ ကြိမ်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ၂ ယောက်သေပြီး ၂၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း တအောင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ယနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီ ၂၅ မိနစ်နဲ့ ၁ နာရီ ၂၉ မိနစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLAရဲ့ သတင်းရဲ့ ပြန်ကြားရေးထုတ်ပြန်ထားပါတယ်။
Read More

ကမ္မမြို့ပေါ်ရဲစခန်းဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ် ရဲစခန်းဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်သားများ အခြေစိုက်နေရာတွေကို ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြိုပေါ်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာတွေကို တော်လှန်ရေး အင်အားစုတွေက အနီးကပ် မိုင်းထောင်ပြီး ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) က ထုတ်ပြန်ပါတယ်။
Read More

ဘားအံတွင် ဆေးကြောင်နေသည့် လူငယ် ကြော်ငြာဆိုင်းဘုတ်ပေါ်မှ ခုန်ချ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ့ကားလမ်းဘေး မဲဘောင်တံတားအနီးရှိ ကြော်ငြာဆိုင်းဘုတ်ပေါ်ကနေ ဆေးကြောင်နေတဲ့ လူငယ် ၁ ယောက် ခုန်ချမှု ဖြစ်ပွားခဲ့ပါတယ်။
Read More

တောကျီးကန်း (၇) ကောင် တပ်ရင်းမှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်အပြီးပိုင်ချုပ်ငြိမ်းနိုင်ဖို့ တိုက်ပွဲဝင်မယ့် ရဲဘော်သစ်တွေကို တောကျီးကန်းစစ်ကြောင်းမှ ကြိုဆိုလျက်ရှိတယ်လို့ သိရပါတယ်။