ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းက လက်ပံတန်းမြို့နယ် ကျောက်တွင်းကျေးရွာလမ်းဆုံမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကော်မရှင်တပ်ဘက်က ၅ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်အုပ်စုထံက လက်နက်ငယ် ၂လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ၊ အမှတ် (၃၈၀၂) တပ်ရင်း၊ တပ်ခွဲ (၂)၊ ရွှေတန်းမြေ (ပကဖ)နဲ့ လက်ပံတန်းမြို့နယ် (ပကဖ) အထူးတိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

AA ပိတ်ဆို့ထားတဲ့ နခခ (၅) အနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီရဲ့ နခခ (၅) ဌာနချုပ်အနီးတဝိုက်ကိုစစ်ကောင်စီကအောက်တိုဘာ၂၈ ရက် ဒီနေ့မနက်အစောပိုင်းမှာလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အုတ်ဖိုမှာ ကင်းထောက်နေတဲ့ PDF တစ်ယောက် စစ်ကောင်စီတပ်တွေနဲ့ တိုးကာ အသတ်ခံရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရိုးမအစပ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ကင်းထောက်နေတဲ့ PDF ရဲဘော် ၁ယောက် စစ်ကြောင်းနဲ့ တိုးကာ သတ်ဖြတ်ခံလိုက်ရတယ်လို့ သာယာဝတီခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံံထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ အဓမ္မပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သားသစ်များ ပြည်သူ့ရင်ခွင်ခိုလှုံရန် NUG အစိုးရ တိုက်တွန်း၊ လူငယ် ၇ သောင်းနီးပါးကို စစ်ကောင်စီ အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းကာ စစ်မြေပြင်များဆီ စေလွှတ်အသုံးချနေဟု ဆို

အပတ်စဥ် ၁ ခုကို စစ်သားသစ် ၄၀၀၀ ရရှိအောင် စုဆောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အဓမ္မ ဖမ်းဆီး ပေါ်တာဆွဲခံရကာ စစ်သားဖြစ်လာတဲ့ လူငယ်တွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ကူးပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့မှာ အသိပေးဖိတ်ခေါ်ချက် ထုတ်ပြန်ကာ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီ ဖမ်းဆီးထားသူ ၉ ဦး ၁၀ ရက်ဝန်းကျင် ကြာသည်အထိ ပြန်မလွတ်သေး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံ ၉ ယောက်ကို ဖမ်းဆီးထားပြီး ၁၀ ရက်ဝန်းကျင်ကြာတဲ့တိုင်အောင် ပြန်မလွှတ်ပေးသေးဘူးလို့ မင်းလှ ပကဖ ထံက သိရပါတယ်။
Read More

မြင်းခြံမှာ မြေပြင်ဝေဟင် စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုးနေ၊ ၇ရက်တာ ခုခံခဲ့တဲ့ တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အရာရှိအပါ ၃၆ ယောက်သေဆုံးခဲ့

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ ၇ရက်တာတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်ကအရာရှိ၁ယောက်အပါအဝင် ၃၆ယောက်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်သားတစ်ယောက်ကို လက်နက်ခဲယမ်းနှင့်တကွ နေပြည်တော် ပကဖ ခေါ်ထုတ်နိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင်ဌာနနဲ့ ချိတ်ဆက်ပြီး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အဓမ္မပြည်သူ့စစ်မှုထမ်းစုဆောင်းခံခဲ့ရသူ စစ်ကောင်စီတပ်သား ၁ ယောက်ကို သွားရောက်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က ထုတ်ပြန်ထားပါတယ်။