အကြမ်းဖက်စစ်တပ်က ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲထော်သလေး KK Park အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းနယ်မြေရှိ အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးပစ်နေပေမယ့် ရွှေကုက္ကိုလ်နယ်မြေအတွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံတွေကိုတော့ မဖျက်ဆီးဘဲ ချိတ်ပိတ်သိမ်းဆည်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ KK Park နယ်မြေထဲက ကျားဖြန့်လုပ်ငန်းတွေမှာ အသုံးပြုခဲ့တဲ့ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးထဲက ၂၇၆ လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ပေမယ့် ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အသုံးပြုခဲ့တဲ့ တရားမဝင် အဆောက်အအုံ ၁၄၀ ထဲက ၁၁၉ လုံးကို ချိတ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီအဆောက်အအုံတွေကို ပြန်လည်အသုံးပြုတာမျိုး မရှိရအောင် အခုလို ချိတ်ပိတ်သိမ်းဆည်းခဲ့တာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်က ပြောပါတယ်။ 

ဒါ့အပြင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ လူနေအဆောက်အအုံ၊ ဂိုထောင်၊ အားကစားရုံ၊ မီးစက်ရုံ၊ ဈေးဆိုင်ခန်း၊ စတိုခန်းနဲ့ အလုပ်သမားတန်းလျား စတာတွေကို စစ်ဆေးခဲ့ရာမှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူတွေကို မတွေ့ရှိခဲ့ရသလို ငွေလိမ်လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း တပါတည်း ဖြုတ်သိမ်းယူဆောင်သွားတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ KK Park နဲ့ ရွှေကုက္ကိုလ်နယ်မြေအတွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်မှာ စတင် ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ ကွန်ပြူတာ၊ မိုဘိုင်းဖုန်းနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို ဖျက်ဆီးပြနေခဲ့ပါတယ်။ 

အမေရိကန်အပါအဝင် နိုင်ငံတကာက ကျားဖြန့်လုပ်ငန်းတွေကို ဖြေရှင်းဖို့ အာရုံစိုက်လာချိန် အကြမ်းဖက်စစ်အုပ်စုက ကျားဖြန့်ပြဿနာတွေကို ဟန်ပြ ဖြေရှင်းနေပြီး စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေအရ ကျားဖြန့်လုပ်ငန်းလုပ်ဆောင်ရာမှာ အသုံးပြုတဲ့ အဆောက်အအုံ ၂၅၀ ကျော်နဲ့ နိုင်ငံခြားသား ၂၀၀၀ နီးပါးကို ဖမ်းဆီးရမိထားခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ် မင်းလက်ပံမှာရှိတဲ့ DKBA လုံခြုံရေးယူထားတဲ့ ကျားဖြန့်ဝင်းကို KNU က သိမ်းယူထားတာကြောင့် အဆိုပါဒေသကို စစ်တပ်က ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်ကာ ထိုင်းနိုင်ငံဘက်ခြမ်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ 

(ဓာတ်ပုံ စစ်အုပ်စု)

0 Shares:
You May Also Like
Read More

ပဲခူးခရိုင် PDF အမှတ် (၂) တပ်ရင်းဆီ စစ်ကောင်စီ၏ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းက စစ်မှုထမ်းဆင်း စစ်သားသစ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG အစိုးရဟာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျဥက္ကဋ္ဌ မရှားဝန်ကြီးချုပ်ဆီ သဝဏ်လွှာပေးပို့၊ အကြမ်းဖက်စစ်တပ်ဟာ တိုင်းပြည်နယ်မြေရဲ့ ၂၅ ရာခိုင်နှုန်းအောက်သာ ထိန်းချုပ်ထားနိုင်ဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Dato' Seri Anwar Ibrahim ဆီ ဇန်နဝါရီ ၇ ရက်မှာ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့တယ်လို့ NUG သမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရမှုအတွက် မသင်္ကာလို့ ဖမ်းဆီးခံထားရသူတွေ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်း ပို့ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခေါင်းကြီး သန်းထွန်းဆိုသူ ချောင်းရိုက်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် စစ်သင်တန်းကျောင်း ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းတပ်မြို့ကို စစ်ကောင်စီတပ် ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီထိပ်သီးခေါင်းဆောင် လာဖို့ရှိသည့် စစ်ကိုင်းတပ်မ ၃၃ ဌာနချုပ်ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ် (တပ်မ ၃၃) ကို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေဘေးသင့်ပြည်သူတွေကို ဖြူးမြို့နယ် ပကဖ ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအခြေစိုက် ဖြူးမြို့နယ်ပြည့သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဖြူးမြို့နယ် လူသားစာနာ တာဝန်ခံတွေက ရေဘေးကြောင့် ဒုက္ခရောက်နေသူတွေကို အိမ်တိုင်ရာရောက် သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။