မကွေးတိုင်း၊ ချောက်မြို့နယ်မှာ နေထိုင်တဲ့ မိသားစုတစ်စုက မိခင်ဟာ သား ၂ ယောက်သာမက ခင်ပွန်းဖြစ်သူပါ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့အတွက် စားဝတ်နေရေးခက်ခဲနေကြောင်း ပြောပြထားတဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

အဆိုပါ အမျိုးသမီးရဲ့ ပြောကြားချက်အရ အမျိုးသားဖြစ်သူဟာ ချောက်မြို့ပေါ် မှတ်ပုံတင်လဲဖို့ သွားရောက်ရင်း ရုံးအဝင်မှာ ပေါ်တာဆွဲခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ယောက်ျားကို ပြန်ရဖို့ အကျိုးသင့်အကြောင်းသင့်ရှင်းပြလည်းမရ၊ တောင်းပန်တာလည်း မရဘဲ မောင်းထုတ်ခံခဲ့ရတယ်လို့ အမျိုးသမီးက ပြောပါတယ်။ 

သူ့သား ၂ ယောက်ကလည်း စစ်မှုထမ်း ၂ နှစ်ပြည့်တော့မှာဖြစ်ပြီး ၁ ယောက်က ဆေးရုံမှာ ၇ လခန့်ရှိပြီဖြစ်ကာ ၁ ယောက်ကတော့ ရှေ့တန်းရောက်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က အဓမ္မစစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက် နိုင်ငံတဝန်း တပ်သားသစ်ရရှိဖို့အတွက် နည်းလမ်းမျိုးစုံသုံးကာ ဖမ်းဆီးစုဆောင်းမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ တောင်ညိုဆည်မကျီုးပင်ဂိတ်ကို တော်လှန်ရေးတပ်များ နယ်မြေရှင်းလင်းရေး (ရုပ်/သံ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းမှာ အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ တောင်ညိုဆည် မကျီးပင်ဂိတ်ကို အကြမ်းဖက်စစ်သားတွေ စွန့်ခွာထွက်ပြေးသွားတဲ့အတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်များထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်းများကို ရောကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ တာဝေးပစ်ဗုံးသီးတွေ တီထွင်ထုတ်လုပ် (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း တောတွင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ ကုန်ကျစရိတ်သက်သာတဲ့ တာဝေးပစ်ဗုံးသီးတွေ ကိုယ်တိုင် တီထွင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သား တွေကို ‌အောက်တိုဘာ ၂၄ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KBU-တောလေးအဖွဲ့ထံက သိရပါတယ်။
Read More

ဘောလခဲခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ကရင်နီပြည်နယ် ဘောလခဲခရိုင်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ၁၂ မိုင်စခန်းကုန်း၊ ဝမ်းမလန်းစခန်းကုန်း၊ ထူးချောင်းစခန်းကုန်းနဲ့ ဖားဆောင်းမြို့အတွင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း အမှတ်-၁၁၀၅ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားပြီဖြစ်သည့် မင်းတပ်မြို့မှာ ပြန်လည်နေထိုင်မယ့် ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန် ခွေးနှင့်ကြောင်များကို ကာကွယ်ဆေးထိုးပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို တော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ပြီးတဲ့နောက် ပြန်လည်နေထိုင်ကြမယ့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ခွေးနဲ့ ကြောင်တွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။