မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေဟာ အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ဖို့ လျာထားတဲ့ မြို့နယ်စာရင်းထဲမှာ ပါဝင်နေတဲ့အတွက် စစ်ကော်မရှင်တပ်က အဆိုပါ မြို့နယ်တွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ အတင်းအကြပ်ပြုလုပ်ဖို့ လုပ်ဆောင်နေပြီး အဲဒီကာလမတိုင်ခင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို သာလွန်အင်အားတွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အလားတူ မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ တနေ့ထက်တနေ့ စစ်ရေးအခြေအနေတွေ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲအတွင်း ကြုံလာနိုင်တဲ့ အခြေအနေတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့၊ ဘေးအန္တရာယ်ကင်းနိုင်ရေး လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ထားကြဖို့ MDY PDF က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

MDY PDF အနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ ထိုးစစ်တွေကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆက်လက်ခုခံကာကွယ်သွားမှာဖြစ်သလို တော်လှန်ရေး အဆုံးသတ်ပန်းတိုင်အထိရောက်အောင် မဆုတ်မနစ် ဆက်လက်ချီတက်သွားမယ်လို့ MDY PDF က အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေလုပ်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတချို့လည်း ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုတ်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာနေပြီး ကျောက်ပုံ ကျေးရွာအနီးက KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဂိတ်စခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီ ၂ ရက်ဆက် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၈ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ပေါ်ရှိ လူနေထူထပ်တဲ့ ရပ်ကွက်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၈ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၁၀ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အရာတော်ရှိ ပျူစောထီး ကင်း၂ခုကို တော်လှန်ရေးတပ်များစီးနင်းတိုက်ခိုက်၊ ပျူစောထီး ၁ ဦးသေပြီး ထောင်ထားသည့် မိုင်းများ သိမ်းဆည်းရမိ…

"ငွေတွင်းပျူရွာမှာက တပ်စည်းနှစ်စည်းရှိပါတယ်။ အဲ့စည်းတွေကိုကျော်ပြီး ကင်းတွေနဲ့ မီတာ ၁၀၀အထိ ကပ်ပစ်ခဲ့ပါတယ်။ ဒီနေ့လဲငွေတွင်းရွာပြင်မှာ မီးတွေရှို့တာတွေ့တယ်။ ထိထားတဲ့ကောင်တွေကို သဂြိုလ်နေတာဖြစ်နိုင်ပါတယ်။ ငွေတွင်းပျူရွာကို ကျနော်တို့ ပိတ်ဆို့ထားတာ ၅လ၊ ၆လလောက်ရှိပါပြီ။ ၁၅ရက်တစ်ခါလောက်ထိတွေ့မှုဖြစ်ပါတယ်။ အဲ့ရွာက အရပ်သားတွေအကုန်ထွက်ကုန်ပြီ။ လက်နက်ကိုင်ပျူတွေပဲရှိပါတော့တယ်။" လို့ Ngwe Dwin Revolution Force သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လေးကေ့ကော် စွယ်တော်ကုန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြင်ကွင်းများ…

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့အနီးက စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
Read More

နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်များ ပြန်လည်ထိန်းချုပ်ဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီမီဒီယာတွေက သတင်းဖော်ပြထားပါတယ်။