ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်းရာကျော် သေဆုံးစေခဲ့တဲ့ ကာလ်မေဂီမုန်တိုင်းအပြီး ထပ်မံတိုက်ခတ်လာတဲ့ ဖန်ဝေါင်မုန်တိုင်းကြောင့် လူ ၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နိုဝင်ဘာ ၉ ရက် ညပိုင်း ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို လေတိုက်နှုန်း ၁၁၈ မိုင်အထိရှိခဲ့ပြီး လက်ရှိမုန်တိုင်းဟာ တောင်တရုတ်ပင်လယ်သို့ ဝင်လာကာ ထိုင်ဝမ်သို့ ရွေ့လျားနေပြီး အရှိန်အဟုန်ကျဆင်းလာတယ်လို့ သိရပါတယ်။

ဖန်ဝေါင်မုန်တိုင်းကြောင့် လူ ၂ ယောက် သေဆုံးခဲ့ပြီး လူဦးရေ ၁.၄ သန်းကျော်ကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။ 

Video – Philippine News Agency

0 Shares:
You May Also Like
Read More

ရေဦးတွင် စစ်ကြောင်းထိုးဖို့ စုဖွဲ့နေသည့် စစ်အုပ်စု ဗုံးကြဲခံရပြီး ဗိုလ်အပါအဝင် ၆ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ စုဖွဲ့နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - ရေဦးက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၈ စီးကို မတ်လ ၂၄ ရက် နံနက်ပိုင်းက ရမ်းဖိုကျေးရွာ ဆီအုန်းကုန်းအရောက် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ထီးလင်းမြို့ပေါ် စစ်တပ်အထိုင်ချ နေရာတွေကို ရော့ကတ်တွေ ပစ်ခတ်၊ ဒရုန်းတွေနဲ့ ဗုံးသီး ၁၀၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၆ ရက် မနက်ပိုင်းကနေ နေ့လည်အထိ ရော့ကတ်တွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီး အလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရ ပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း ဒုရဲအုပ်ရဲလွင် အပါအဝင် စစ်ကော်မရှင်တပ်သား ၁၉ ဦးသေဆုံးခဲ့တဲ့ မှတ်တမ်းရုပ်သံ

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ဆင်းတလင်းကျေးရွာမှာ ဒုရဲအုပ် ရဲလွင်ဦးစီးတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကော်မရှင်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၉ ဦးသေဆုံးခဲ့တယ်လို့ Myanmar Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖျာပုံမြို့ Black Dragon Force Pyapon UG ခေါင်းဆောင် ရဲဘော်စံလင်းစံ ရဲ့ ၁နှစ်ပြည့် သတိရအောက်မေ့ခြင်းအဖြစ် မြပုလဲစစ်ဆေးရေးဂိတ်အား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမပေါ်က မြပုလဲစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၂၉ ရက် မနေ့က ဒရုန်းနဲ့  M9၊ ERO၊ Drop Bombနဲ့ လက်လုပ် အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ 5/ Commando Force အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်ချေမှုန်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။