Federal Wings အဖွဲ့အနေနဲ့ တိကျသေချာတဲ့ ဝင်ငွေလမ်းကြောင်းနဲ့ ရန်ပုံငွေစနစ်တစ်ခုကို မတည်ဆောက်နိုင်ခဲ့ရင် Federal Wings ရဲ့ ထုတ်လုပ်ရေးနဲ့ Research & Development လုပ်ငန်းတွေ ရပ်တန့်ထားရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ထုတ်လုပ်ရေးကုန်ကျစရိတ်တွေအတွက် သက်ဆိုင်ရာလက်တွဲထားတဲ့ တပ်ဖွဲ့တွေရဲ့ ပုခုံးပေါ်ကို လုံးလုံးလျားလျား တင်ပေးလိုက်လို့ရပေမယ့် နည်းပညာအသစ်တွေ ထွက်ပေါ်နိုင်ဖို့အတွက်ကတော့ Federal Wings ရဲ့ Research & Development Team ကို လစဉ်ပုံမှန်ပမာဏတစ်ခု တစ်စိုက်မတ်မတ်ထောက်ပံ့ပေးမယ်ဆိုတဲ့ တော်လှန်ရေးဖက်ခြမ်းက ရပ်တည်ချက် ခံယူချက်ခိုင်မာသူတွေရဲ့အင်အားကို လိုအပ်ပြီလို့ ဆိုပါတယ်။ 

လိုအပ်တဲ့ ငွေပမာဏရရှိဖို့ ကမ်ပိန်းလုပ်ရတဲ့ လုပ်ငန်းစဉ်ဟာလည်း အလုပ်မဖြစ်တော့တဲ့အတွက် Federal Wings ရဲ့ Research & Development လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ လစဉ် မြန်မာငွေ ငါးသောင်းပါဝင်ပေးနိုင်မယ့် တော်လှန်ရေးပြည်သူ အယောက်ခန့် ၁၀၀၀ ခန့်လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ Federal Wings ကိုလစဉ်ထောက်ပံ့မယ့် Wingman အနေနဲ့  စာရင်းပေးသွင်းထားသူ အယောက် ၃၀၀ ခန့်ရှိပြီး ၁၀၀၀ ပြည့်ဖို့ လိုအပ်သေးတယ်လို့ သိရပါတယ်။

တစ်လကို ငွေကျပ်ငါးသောင်းနဲ့ တစ်နှစ်တာဆက်တိုက်ပါဝင်ပေးလိုသူတွေအနေနဲ့ Federal Wings အဖွဲ့ရဲ့  Facebook messenger မှာ စာရင်းပေးသွင်းနိုင်ပြီး တော်လှန်ထောက်ကူ နည်းပညာအသစ်တွေဟာ Wingman တွေဆီကနေရတဲ့အင်အားက အဓိကဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

Video – Federal Wings

0 Shares:
You May Also Like
Read More

ရေစကြိုမြို့မှလာသည့် စစ်တပ်သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ယောက်သေ၊ ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့ကလာတဲ့ အကြမ်းဖက်စစ်တပ် သံပြားကာယာဉ် ၁ စီးကို မတ်လ ၃ ရက် ည ၁၂ နာရီဝန်းကျင်ခန့်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ရဲဘော်တွေရဲ့ အသက်အန္တရာယ်လုံခြုံဖို့ “အမေ့အိမ်သို့ အပြန်လမ်း” မှာ ပါဝင်ကူညီအားဖြည့်နိုင် (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ဆင်ရေးကို အပြီးသတ် တွန်းလှန်ချေမှုန်းနိုင်ဖို့ မဟာမိတ်ရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ Justice Soldier PDF ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ ပရောဂျက်တစ်ခုပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

မဲပလီဗျူဟာစခန်းသိမ်း တိုက်ပွဲမှတ်တမ်း BPLA ထုတ်ပြန် (ရုပ်/သံ)

KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီအခြေစိုက် မဲပလီဗျူဟာစခန်းကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ နေ့လယ်(၁၁)နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆင်ပေါင်ဝဲမြို့နယ်အတွင်း စစ်ကော်မရှင်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး စိုးကိုကိုမောင် အပါအဝင် ၃ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး စိုးကိုကိုမောင် အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းဗဟိုပြုလှုပ်ခဲ့သည့် ငလျင်ကို မန္တလေးငလျင်ကြီးဟု စစ်ကောင်စီ အမည်ပေး (ရုပ်/သံ)

၂၀၂၅ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကို မန္တလေးငလျင်ကြီးလို့ အမည်သတ်မှတ်ပြီး သတင်းရေးသားရာမှာ သုံးစွဲကြဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပါတယ်။
Read More

COBRA ONE တပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ တော်လှန်ရေးအစပိုင်း လက်လုပ်သေနတ်ကို စမ်းသပ်ပြသ (ရုပ်/သံ)

တော်လှန်ရေးအစပိုင်းမှာ ထုတ်လုပ်အသုံးပြုခဲ့တဲ့ လက်လုပ်သေနတ်ကို COBRA ONE တပ်ဖွဲ့က စမ်းသပ်ပြသလိုက်ပါတယ်။