ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်သား အရေအတွက် ၁၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ တစ်လတာအတွင်း အလင်းဝင်ပူးပေါင်းလာသူတွေထဲမှာ စစ်သား ၄၁ ယောက်၊ ရဲ ၁ ယောက်၊ ပြည်သူ့စစ် ၃ ယောက် ပါဝင်ပြီး စုစုပေါင်း ၄၅ ယောက် ရှိခဲ့တာပါ။

အလင်းဝင်လာတဲ့ စစ်သား ၄၁ ယောက်ထဲမှာ စစ်မှုထမ်းတပ်သားသစ် ၃၅ ယောက်အထိရှိပြီး သူတို့တွေဟာ ချင်းပြည်နယ်က ၄ ယောက်၊ စစ်ကိုင်းတိုင်း ၆ယောက်၊ ပဲခူးတိုင်း ၈ယောက်၊ ရန်ကုန်တိုင်း ၂ ယောက်၊ တနင်္သာရီတိုင်း ၁၂ ယောက်၊ ကရင်ပြည်နယ် ၃ ယောက်၊ ကရင်နီပြည်နယ် ၄ယောက်၊ ရှမ်းပြည်နယ် ၁ ယောက်နဲ့ မန္တလေးတိုင်းက ၁ ယောက် ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်းက ထုတ်ပြန်ထားပါတယ်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူဟာ စုစုပေါင်း အယောက် ၈၀ ဖြစ်ပြီး အဲဒီထဲမှာ စစ်သားအရေအတွက်ဟာ ၆၇ ယောက် ပါဝင်တယ်လို့ သိရပါတယ်။ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိတဲ့ စစ်သားတွေဟာ မန္တလေးတိုင်းက ၉ယောက်၊ မကွေးတိုင်း ၃၈ ယောက်၊ စစ်ကိုင်းတိုင်း ၄ ယောက်၊ ကချင်ပြည်နယ် ၁ ယောက်၊ ပဲခူးတိုင်း ၁၄ ယောက်နဲ့ မွန်ပြည်နယ်က ၁ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း အယောက် ၈၀ ထဲမှာ ကျန်တဲ့ ၁၃ ယောက်က တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ်တို့က ပြည်သူ့စစ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ အောက်ခြေ စစ်သည်တွေ အနာဂတ်ဟာ တိုက်ပွဲတွေနဲ့အတူ မှုန်ဝါးပျောက်ကွယ်နေဆဲမို့ အလင်းဝင်၊ လက်နက်ချခြင်းကသာ ကိုယ့်ငြိမ်းချမ်းရေး ကိုယ်ရှာယူနိုင်ကြမယ့် တခုတည်းသောလမ်း ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။

အခုထုတ်ပြန်ထားတဲ့ စာရင်းတွေဟာ အလင်းဝင်လာသူ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းမိသူနဲ့ လက်နက်ချသူတွေရဲ့ စာရင်းကိုသာ ကောက်ယူထားတာဖြစ်တာကြောင့် စစ်တပ်ကနေ ထွက်ပြေးသွားသူတွေကဲ့သို့ လက်လှမ်းမမှီတဲ့ တပ်ပြေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြည်သူ့ပန်းတိုင်အနေနဲ့ အလင်းဝင်လာသူတွေကို နွေးထွေးစွာကြိုဆိုနေပြီး ဘဝဆက်လက်ရပ်တည်ရေးအတွက် သင်တန်းတွေကို လစဉ်ပို့ချပေးနေတယ်လို့ ပြည်သူ့ပန်းတိုင် တာဝန်ရှိသူက ဆိုပါတယ်။

“ကျနော်တို့ ပြည်သူ့ပန်းတိုင်အနေနဲ့ ပေါင်းစည်းလမ်းသက်မွေးဌာနကနေ ဒီဘက်ပြောင်းလာသူတွေ၊ ခိုလှုံသူတွေပေါ့နော် CDM တွေရှိမယ်… တပ်မိသားစုဝင်တွေရှိမယ်… စစ်မှုထမ်းတပ်သားသစ်တွေရှိမယ်…. သူတို့တွေအတွက် လစဉ် သက်မွေးပညာတွေ ပို့ချနေတာရှိပါတယ်။ ဥပမာ- ယောက်ျားလေးဆို စက်ပြင်တာ၊ ဖုန်းပြင်တာ၊ မိန်းကလေးဆို အပ်ချုပ်တာ၊ ဂျပ်ခုတ်တာ စတာတွေပေါ့နော် ဘဝရပ်တည်ရေးအတွက် သက်မွေးပညာတွေ သင်ကြားနေတာတွေ ရှိပါတယ်” လို့ ဆိုပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ‌ အောက်တိုဘာလအထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၂၆၄ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၅၀၅ (က) လွတ်ငြိမ်းဖြင့် လွတ်လာသည့် ၁၇/၁ ကပ်လျက်အမှုတွဲများကို စစ်တပ် ပြန်ဖမ်းနေ

စစ်ကော်မရှင်က ပုဒ်မ ၅၀၅ (က) တွေကို လွတ်ငြိမ်းခွင့်ပေးချိန်မှာ လွတ်လာတဲ့ ပုဒ်မ ၁၇/၁ ကပ်လျက်အမှုတွဲသမားတွေကို စစ်တပ်က ပြန်လည်ဖမ်းဆီးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မဝတီဝင် ကိုသိုက်ထွန်းဦးထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်

တနင်္သာရီတိုင်းထဲက ထိုင်း-မြန်မာ နယ်စပ်မြို့ မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကို ပြောပါတယ်။
Read More

မုံရွာမြို့ ရေဦးဆန်ဆိုင်ဂိတ်ကို တော်လှန်ရေးအဖွဲ့များ အလစ်အငိုက်ဝင်ပစ်၊ စစ်ဗိုလ်နှင့် ရဲအရာရှိအပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ရေဦးဆန်ဆိုင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှုမှာ အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်သား ၄ယောက် သေဆုံးခဲ့ကြောင်း Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့) တာဝန်ခံ ဂူးဂူးက မောင်းကိုပြောပါတယ်။
Read More

ကျောက်မဲမြို့တွင် ဒေသခံ အမျိုးသား (၂)ဦး မြေမြှုပ်မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒေသခံ အမျိုးသား (၂) ယောက် မြေမြှုပ်မိုင်းကို နင်းမိခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

PDF နဲ့ ပကဖတွေက စိုးမိုးနယ်မြေတွေအတွင်း အပတ်စဥ်ထုတ် စစ်သတင်းလွှာ ဖြန့်ဝေနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်အနေနဲ့ စိုးမိုးနယ်မြေတွေအတွင်း အင်တာနက်ပြတ်တောက်နေတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ သတင်းအချက်အလက် ရရှိစေဖို့ စစ်သတင်းလွှာကို အပတ်စဥ် ထုတ်ဝေဖြန့်ချိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

လျှပ်စစ်မီးလိုင်းပြင်ရန်လာသည့် စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာမြို့ကနေ သံမဏိစက်ရုံကိုသွားတဲ့ လျှပ်စစ်မီးလိုင်းကို ပြင်ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းထံက သိရပါတယ်။