ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနဟာ တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုကို ခံယူကာ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ မွန်ပြည်နယ် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းတို့ကို ဒီနေ့မှာ လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ပဲခူးတိုင်း ရှေ့တန်းစခန်းတစ်ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အထူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားနဲ့ ဒု-ကွပ်ကဲရေးမှူး ရဲဘော် အေးမင်းထွန်းတို့က အဖွင့်အမှာစကား ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းစစ်ဌာနအရာရှိတွေ၊ နည်းဗျူဟာမှူးတွေက PDF၊ ပကဖ ပူးပေါင်းစစ်ဆင်ရေးကိစ္စတွေ၊ သတင်းထောက်လှမ်းရေးနဲ့ ထောက်ပို့ကိစ္စတွေ ဆွေးနွေးခဲ့ကြသလို လက်နက်တွေ၊ ကျည်ဘောက်တွေနဲ့ ကျည်ခဲယမ်းတွေ ပေးအပ်ပြီး သက်ဆိုင်ရာ ပကဖ တာဝန်ရှိသူတွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အထူးတိုင်းစစ်ဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ PDF တပ်ရင်းတွေ၊ လက်ရုံးတပ်ဖွဲ့တွေ၊ ပကဖတွေ၊ ဒေသအခြေပြု ကာကွယ်ရေးအဖွဲ့ (LDFs) တွေ စစ်ရေးအရှိန်မြှင့် ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့ကိစ္စတွေ ဖြည့်ဆည်းရေးနဲ့ COC နှစ်ရပ်နဲ့အညီ အင်အားတွေ စုစည်းတည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဟားခါးတွင် အရပ်သားဟန်ဆောင် သတင်းထောက်လှမ်းနေသည့် ရဲ ၂ ဦးကို ဖမ်းဆီးရမိ…

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အရပ်သားပြည်သူ ဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေတဲ့ ရဲ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရှမ်းမြောက် တန့်ယန်းမှာ ကျားဖြန့်လုပ်ကိုင်လို့ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက် ဖမ်းဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက မနေ့က ဒီဇင်ဘာ ၅ ရက်မှာ သူ့ရဲ့ဝါဒဖြန့် မီဒီယာတွေမှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတိုင်းရှိ NUG စိုးမိုး‌ကျေးရွာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုး‌ကျေးရွာတွေမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သင်္ကြန်ကာလ ဥပုသ်သီလစောင့်တည်နေသည့် ပြည်သူများကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ကမ်းနီရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက်ထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

KNU ထံပို့မယ့် လက်နက်တချို့ ဘန်ကောက်မှာ ဖမ်းမိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။
Read More

မိုးမိတ်မြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် (၁) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူလူထု နေအိမ် (၁) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။