ရန်ကုန်ဟာ စစ်အာဏာသိမ်းမှုကာလ အစကနေ ဒီနေ့အချိန်ထိ ခက်ခဲ ကြပ်တည်းမှုတွေကြားကနေ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ ခုခံတွန်းလှန်နေကြဆဲဖြစ်ပြီး တချို့ဒေသတွေလို နယ်မြေစိုးမိုးမှုမရရှိသေးပေမယ့် တော်လှန်ရေး ခြေလှမ်းတိုင်းမှာ နောက်ကျကျန်မနေဘဲ လိုက်ပါနေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့က ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ခေါ်ယူတဲ့ ရန်ကုန်လွှတ်တော် ဒဿမအကြိမ်မြောက် အစည်းအဝေးမှာ ဝန်ကြီးချုပ်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

“စစ်ကိုင်း၊ မကွေး စတဲ့ ဒေသများသကဲ့သို့ နယ်မြေစိုးမိုးမှုမရသေးပေမယ့် ရန်ကုန်ဒေသဟာ တော်လှန်ရေးရဲ့ ခြေလှမ်းတိုင်းမှာ နောက်မကျဘဲ လိုက်ပါရင်း နိုင်ငံရေးအရ အဆင်သင့်ဖြစ်နိုင်ရေး ကြိုးပမ်းနေခဲ့ကြတာ ယနေ့ နိုင်ငံရေးအခင်းအကျင်းကို ကြည့်ရင် သိသာစေပါတယ်။ တဘက်မှာလည်း ရန်ကုန်တော်လှန်ရေးအင်အားစုတွေရဲ့ ကိုယ့်ဒေသ၊ ကိုယ့်နယ်မြေ စိုးမိုးထိန်းချုပ်နိုင်ရေးနဲ့ လွတ်မြောက် နယ်မြေများ ရရှိရေးအတွက် ကြိုးပမ်းနေကြတာကို တွေ့ရပါတယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ ဥပဒေကြမ်းဟာ အကြမ်းဖက်စစ်အာဏာရှင်အဆက်ဆက် ချုပ်ကိုင်ထားခဲ့တဲ့ ဗဟိုဦးစီးစနစ်ကို ဖြိုဖျက်ပြီး ရန်ကုန်ဒေသ ပြည်သူလူထုရဲ့ဆန္ဒကို ကိုယ်စားပြုတဲ့ ဒေသအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုပေးမယ့် စနစ်တရပ်ကို အုတ်မြစ်ချပေးလိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ရန်ကုန်ပြည်သူလူထုအတွက် လူထုဆန္ဒနဲ့အညီ ကြားကာလရန်ကုန်အစိုးရတရပ်ဖော်ဆောင်ဖို့ အကောင်းဆုံးလမ်းစ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေကြားကနေ ခက်ခဲစွာ ရပ်တည်ရှင်သန်နေကြတဲ့ ရန်ကုန်ပြည်သူတွေရဲ့ သတ္တိကိုလည်း ချီးကျူးကြောင်း ပြောခဲ့ပါတယ်။

“ရန်ကုန် တော်လှန်ရေး အင်အားစုအသီးသီးက သူရဲကောင်းတွေရဲ့ စွန့်လွှတ်ပေးဆပ် အနစ်နာခံခဲ့ရမှုတွေ အပေါ်မှာလည်း ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက ဘယ်တော့မှ လစ်လျူရှုထားမှာ မဟုတ်ပါဘူးဆိုတာကိုလည်း အပြည့်အဝ ယုံကြည်ပေးဖို့ ပြောကြားလိုပါတယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့ပါတယ်။

ရန်ကုန်လွှတ်တော်ရဲ့ ဒဿမအကြိမ်မြောက် အစည်းအဝေးကို NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီဝင်တွေ၊  ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချင်းမိုင်မှာ ထိုင်းအာဏာပိုင်များ နေအိမ်များကို ဝင်ရောက်စစ်ဆေးစဉ် အထောက်အထားမဲ့ မြန်မာများကို မူးယစ်ဆေးဝါးတွေနှင့်အတူ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အထောက်အထားမဲ့ မြန်မာ နိုင်ငံသား ၈ ယောက် ဖမ်းဆီးရမိပြီး ၆ ယောက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်၊ ဒေသခံ(၃)ဦးသေဆုံး၊ (၆)ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၃) ယောက် သေဆုံးပြီး (၆) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စက်တပ်လေထီးများဖြင့် တိုက်ခိုက်မှုပြည်သူလူထု သတိပြုဖို့ အသိပညာပေး (ဓာတ်ပုံသတင်း)

စစ်ကောင်စီ အဓိက အသုံးပြုတိုက်ခိုက်လာတဲ့ Paramotor (စက်တပ်လေထီး) နဲ့ ပတ်သက်ပြီး အသိပညာပေး လက်ကမ်းစာစောင်တွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆားလင်းကြီးမြို့နယ်အတွင်း ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ 
Read More

မြိတ်ခရိုင်အတွင်း ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလော၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂ က တိုက်တွန်းထားပါတယ်။