ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ကားနောက်ကနေ ဆိုင်ကယ်မောင်းနှင်လာတဲ့ သားအမိ ၂ ယောက် ဗုံးထိမှန်ပြီး သမီးဖြစ်သူ သေဆုံးသွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၉ ရက် မနေ့မနက် ၁၁ နာရီလောက်မှာ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ မိန်းလမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကားတစ်စီး မိုင်းဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။ စစ်ကားကို မိုင်းဆွဲလိုက်ချိန်မှာ စစ်ကားနောက်မှာ ဆိုင်ကယ်နဲ့လိုက်ပါလာတဲ့ မှော်စီစာရွာသူ အသက် ၂၀ ဝန်းကျင်အရွယ် မိန်းကလေး သေဆုံးပြီး မိခင်ဖြစ်သူကတော့ အနည်းငယ် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သူက မှော်စီစာမှာနေတဲ့ ကလေးမလေးပဲ။ သားအမိ ၂ယောက် စီးလာတဲ့ဆိုင်ကယ်။ မအေကတော့ ပွန်းပဲ့ဒဏ်ရာပဲ ရတယ်။ သမီးကတော့ မိုင်းထိပြီး ဆုံးသွားတာပေါ့။ စစ်ကားနောက်မှာ ကပ်ပြီးတော့ သူတို့ဆိုင်ကယ်ပါလာတဲ့အချိန် မိုင်းခွဲလိုက်တော့ သူတို့ဆိုင်ကယ် ထိသွားတယ်။ ဆိုင်ကယ်ပေါ် ပါလာတဲ့ ကလေးမကတော့ ဆုံးပါးသွားတာပေါ့နော်၊ မနေ့က ဆုံးသွားတယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အလားတူ ဒီနေ့ မနက်ပိုင်းမှာလည်း စစ်ကားတွေ ဖားကန့်မြို့နယ်ထဲ ဖြတ်သန်းသွားလာချိန် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့လည်း ဒီလိုပဲ.. စစ်ကားတွေ လမ်းပေါ်အသွားအလာရှိသလို ဒလမ်းကြမ်း မောင်းလာတာရှိတယ်။ တော်လှန်ရေးဘက်ကလည်း မိုင်းဆွဲတိုက်ခိုက်တာရှိတယ်။ လမ်းမကြီးတလျှောက် တောက်လျှောက် ကွဲတဲ့အသံတွေ ကြားနေရတယ်။ ဘယ်နားမှာလဲတော့ အတိအကျ မသိဘူး။ စစ်သားတွေကတော့ ပြည်သူကားတွေကို ချောဆွဲပြီး သူတို့ရဲ့ ဒဏ်ရာရတဲ့သူတွေကို သယ်ခိုင်းတယ်” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒေသခံတချို့ ထိမှန်သေဆုံးတယ်လို့ ပြောဆိုမှုတွေ ရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးသလို ရုပ်အလောင်း သွားရောက်ကောက်ယူနိုင်ခြင်း မရှိသေးဘူးလို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အရပ်သားနေအိမ်များနှင့် ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ကောင်စီတပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရ၊ ၅ ဦး သေပြီး ၃ ဦး ထိခိုက်ဒဏ်ရာ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အရပ်သားနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၅ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဝန်းသိုမြို့နယ်အတွင်း NUG အစိုးရ လူထုထောက်ပံ့မှုနှင့် အသိပညာပေးမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်းက ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေနဲ့ ဆရာဆရာမတွေအပါအဝင် ကျောင်းသူကျောင်းသားတွေကို ထောက်ပံ့ကူညီမှုတွေနဲ့ အသိပညာပေးဟောပြောမှုတွေကို အခု စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄၀ နီးပါး သေဆုံးခဲ့ရ

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်ကောင်စီကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄ဝ နီးပါးသေဆုံးပြီး ရှစ်ရာကျော် ဖမ်းဆီးခံထားရတယ်လို့ Reliefweb  အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့တွင် စစ်တပ်နှင့်ဆက်နွယ်သူများသာ သွားသည့် GYM ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်သား၊ ရဲတွေနဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်နေသူတွေသာ လာကြတဲ့ အားကစားခန်းခ (GYM) ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ငလျင်လှုပ်ချိန် စားပွဲအောက်မှာ ဝင်ပုန်းခဲ့ရတယ်လို့ မင်းအောင်လှိုင် ဝန်ခံ

နေပြည်တော်မှာ ငလျင်လှုပ်ခတ်နေချိန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် စားပွဲအောက် ဝင်ရောက်ပုန်းခိုခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသော လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ခံရမည်ဟု NRFF ထုတ်ပြန်

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ၄င်းတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ထုတ်ပြန်ထားပါတယ်။