ထိုင်းဝန်ကြီးချုပ် အနုထင်ဟာ ကျားဖြန့်နှိမ်နင်းရေးကို အမျိုးသားအစီအစဉ်တတရပ်အနေနဲ့ ကြေညာလိုက်ပြီး ဒီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အရာရှိတွေ၊ နိုင်ငံရေးသမားတွေအားလုံးကို တရားစွဲမယ်လို့ နိုဝင်ဘာလ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။

ယာယီဝန်ကြီးချုပ်တဖြစ်လည်း ပြည်ထဲရေးဝန်ကြီး အနုထင်ဟာ ဘန်ကောက်မြို့ တော်ဝင်ထိုင်းရဲ လေ့ကျင့်ရေးနဲ့ လူမှုဖူလုံရေးစင်တာမှာ “ကျားဖြန့်တွေကိုဆန့်ကျင်တဲ့ စည်းလုံးတဲ့ထိုင်းနိုင်ငံ” ခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး ဆိုက်ဘာမှုခင်းနဲ့ နိုင်ငံဖြတ်ကျော် ငွေလိမ်ဂိုဏ်းတွေအပေါ် ပိုမိုပြင်းထန်တဲ့ အစီအမံတွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

အနုထင်က ထိုင်းနိုင်ငံကနေ ငွေလိမ်ဂိုဏ်းတွေနဲ့ အွန်လိုင်းလိမ်လည်မှု ကွန်ရက်တွေကို အမြစ်ပြတ်ချေမှုန်းဖို့က အစိုးရရဲ့ ရည်မှန်းချက်ဖြစ်ကြောင်း၊ ငွေလိမ်လုပ်ငန်းတွေဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့အပြင် စီးပွားရေးကို ထိခိုက်စေပြီး ထိုင်းနိုင်ငံရဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ယုံကြည်မှုကိုပါ ထိခိုက်စေတာကြောင့် ဒီစစ်ဆင်ရေးအောင်မြင်ဖို့က သူဦးဆောင်တဲ့ အစိုးရအတွက် အဓိက စွမ်းဆောင်ရည်ပြ အညွှန်းကိန်းဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နည်းပညာမှုခင်း တားဆီးနှိမ်နင်းရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ပြီး သူကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ တဆက်တည်းမှာပဲ ရာဇဝတ်သားတွေရဲ့ ငွေကြေးလမ်းကြောင်းတွေ ပိတ်ဆို့နိုင်ဖို့အတွက် အစိုးရအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေ အပါအဝင် အဓိက အေဂျင်စီ ၁၅ ခုတို့အကြား နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

“ကျနော်တို့က ဆက်ပြီး ခုခံမှာမဟုတ်တော့ဘူး၊ ထိုးစစ်ဆင် တိုက်ခိုက်သွားမှာဖြစ်တယ်” လို့ အနုတင်က ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ ဘတ်ငွေ ဘီလီယံပေါင်း ဆယ်ချီ တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့ကြောင်း၊ နိုင်ငံခြားသား သံသယရှိသူတွေကို ဗီဇာရုပ်သိမ်း၊ နှင်ထုတ်တာတွေအပြင် ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်နေသူတွေကို ထိုင်းနိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်တာတွေနဲ့ ငွေလွှဲပေးတဲ့ အကောင့်တွေ ဖျက်သိမ်းခဲ့ကြောင်း သူက ဆက်ပြောထားပါတယ်။

ဒါ့အပြင် နိုင်ငံတော် အရာရှိတွေ ဒါမှမဟုတ် နိုင်ငံရေးသမားတွေ ပါဝင်ပတ်သက်နေနိုင်တယ်ဆိုတဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို ဖြေရှင်းနိုင်ဖို့အတွက် ကျားဖြန့်နဲ့ ဆက်နွယ်သူတွေအားလုံးကို သက်ညှာမှုမရှိဘဲ အရေးယူသွားမယ်လို့ သူက ကတိပြုခဲ့ပါသေးတယ်။

“အရာရှိဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ ဘယ်သူမဆို ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်နွယ်နေတာ တွေ့ရင် ညှိနှိုင်းခြင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခြင်း လုံးဝရှိမှာ မဟုတ်ပါဘူး” “ဒီအစိုးရဟာ ဘယ်သူ့ကိုမှ ကာကွယ်ပေးမှာ မဟုတ်ပါဘူး။ ဥပဒေကို တင်းတင်းကျပ်ကျပ်နဲ့ တန်းတူညီမျှစွာ ကျင့်သုံးသွားမှာ ဖြစ်ပါတယ်” လို့ အနုထင်က ဆိုခဲ့ပါတယ်။

“ထိုင်းနိုင်ငံအနေနဲ့ ကျားဖြန့်ဂိုဏ်းတွေရဲ့ အပြင်းထန်ဆုံး ရန်သူအဖြစ် ရပ်တည်သွားမှာပါ။ ကျနော်တို့နိုင်ငံ ဥပဒေစိုးမိုးရေးရဲ့ ကာကွယ်မှုအောက်မှာ သူတို့အတွက် ခိုလှုံစရာနေရာမရှိဘူး” လို့ အနုထင်က ပြောဆိုသွားပါတယ်။

မူရင်းသတင်း – PM vows zero tolerance on scam networks, pledges prosecution for all involved

0 Shares:
You May Also Like
Read More

ရောင်နီ Live in  Francisco ဂီတဖျော်ဖြေပွဲမှ  ရန်ပုံငွေ ဒေါ်လာ ၁၄၅,၀၀၀ ရရှိ၊ အကျိုးအမြတ်အားလုံး ပြန်လည် လှူဒါန်းမည်

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်တဲ့ ရောင်နီ Live in Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ရံပုံငွေ ကန်ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့ရာ အကျိုးအမြတ်အားလုံးကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Read More

မြန်မာ့အရေး အမေရိကန်၏ လျစ်လျူရှုမှုဟာ တရုတ်လွှမ်းမိုးမှုချဲ့ထွင်ဖို့ တံခါးဖွင့်ပေးခြင်း ဟု SAC-M ပြော

အမေရိကန်က မြန်မာပြည်နဲ့ သိသိသာသာ ထိတွေ့ဆက်ဆံမှု ဖြတ်တောက်လိုက်ခြင်းဟာ ‌တရုတ်အတွက်တော့ ဒေသတွင်း ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ တံခါးဖွင့်ပေးသလို ဖြစ်သွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။ 
Read More

ထိုင်းနိုင်ငံ၊ အူဒုံထနီမှာ မြန်မာအမျိုးသားတစ်ဦးကို သေဆုံးလျက်တွေ့ရှိ…

ထိုင်းနိုင်ငံ၊ အူဒုံထနီမှာ မတ်လ ၁၂ ရက်က တွေ့ရှိခဲ့တဲ့ မြန်မာအမျိုးသား ၁ ယောက်ရဲ့အလောင်းဟာ သေဆုံးနေတာ ငါးရက်ရှိပြီလို့ ဆေးစစ်ချက်ထွက်လာပြီး လက်ရှိမှာ သေဆုံးသူနဲ့ အတူနေထိုင်တဲ့ သံသယရှိသူနှစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းသတင်း Thaiger မှာ ဖော်ပြပါတယ်။
Read More

အစ္စရေးက Rising Lion စစ်ဆင်ရေး အမည်ဖြင့် အီရန်ကို စတင်တိုက်ခိုက်၊ နျူကလီးယားပစ်မှတ်များနှင့် အဝေးပစ်ဒုံးကျည် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ဟု ဆို

အစ္စရေးနိုင်ငံက Rising Lion စစ်ဆင်ရေးနာမည်နဲ့ အီရန်နိုင်ငံကို စတင်တိုက်ခိုက်ကြောင်း ကြေညာပြီးနောက် အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

TNLA ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၆ ဦးအား တရုတ်အစိုးရထံ လွှဲပြောင်းပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူ ၁၆ယောက်ကို တရုတ်အစိုးရထံ ဒီနေ့မနက်မှာ လွှဲပြောင်းပေးခဲ့ကြောင်း တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီကို ထောက်ပံ့မယ့်သဘော တရုတ်ဘက်က ပြော

မြန်မာပြည်ရဲ့ ဆိုးရွားလာတဲ့ ပြည်တွင်းပဋိပက္ခကို တည်ငြိမ်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရုတ်ဘက်က စစ်ကောင်စီကို ပံ့ပိုးထောက်ခံပေးမယ့်သဘော တရုတ်ဝန်ကြီးချုပ်လီကျန်းက နိုဝင်ဘာလ ၆ ရက်မှာ မင်းအောင်လှိုင်ကို ပြောဆိုခဲ့ပါတယ်။