မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ရေကြောင်းစစ်ဆေးရေးဂိတ်ကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂ ယောက် ရှိခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။

မြင်းခြံနဲ့ ရေစကြိုမြို့နယ်အစပ်က စစ်အုပ်စုရဲ့ ဆိပ်ညံရေတင်ရုံး ရေကြောင်းစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၊ ၃၊ ၄၊ ၅ ရက်တွေမှာ ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကြဲချတဲ့ ဒရုန်းဗုံးသီးတွေဟာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ ထမင်းစားဆောင်နဲ့ ကမ်းခြေကပ် စစ်သင်္ဘောတွေပေါ် တည့်တည့်ထိမှန်ပေါက်ကွဲခဲ့တာကြောင့် အကြမ်းဖက်စစ်သား  ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂ ယောက် ရှိခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စု၏ ရေကြောင်းစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် တိုက်ခိုက်နေစဥ်

အဆိုပါတိုက်ခိုက်မှုကို ရေစကြိုတပ်ပေါင်းစု ဒရုန်အဖွဲ့နဲ့ မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပြီး ပစ်ခတ်တာမျိုးတွေရှိခဲ့ပေမယ့် တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ရေစကြိုတပ်ပေါင်းစုက ထုတ်ပြန်ထားပါသေးတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း အဲဒီဆိပ်ညံရေတင်ရုံးကို ရေစကြိုတပ်ပေါင်းစုတပ်ဖွဲ့ဝင်တွေက အလားတူ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့လို့ စစ်အုပ်စုထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အညာဒေသ ရာသီနဲ့ ကိုက်ညီတဲ့ ပင်နီရောင်ယူနီဖောင်းနဲ့ တိုက်ပွဲဝင်နေတဲ့ အမှတ် (၈) စစ်ကြောင်း…

ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) တို့ တပ်ဖွဲ့ ၂ ဖွဲ့ ပေါင်းစုတိုက်ပွဲဝင်နေတဲ့ အမှတ် (၈) စစ်ကြောင်းဟာ အညာဒေသ ရာသီနဲ့ ကိုက်ညီတဲ့ ယူနီဖောင်းတွေနဲ့ တိုက်ပွဲဝင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

စေတုတ္တရာမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ဒေါက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူနေ၊ အမှားရှိခဲ့ဖူးသူများ တောင်းပန်အသနားခံနိုင်ကြောင်း ပကဖ သတိပေး

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေကို ကူညီပံ့ပိုးတာ၊ သတင်းထောက်ပို့လုပ်တာတွေကို ပြင်းထန်စွာအရေးယူနေတာကြောင့် အဆိုပါအမှားမျိုး ပြုလုပ်ခဲ့ဖူးရင် မြို့နယ် ပကဖ ဆီ တောင်းပန်အသနားခံနိုင်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဥသျှစ်ပင်မှာ တစ်ရက်အတွင်း အသက်မပြည့်သူတွေအပါ အရပ်သား ၂၅ ယောက်ထက်မနည်း ပေါ်တာဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ရသေ့တောင်နယ်ကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၅ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံ ၅ ယောက်သေဆုံးပြီး ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၁၅ ရက် ဒီနေ့ မနက် ၉ နာရီခွဲလောက်မှာ စစ်ကော်မရှင်တပ်က ဘထလေကျေးရွာထဲကို ပေါင် ၅၀၀ ဗုံးသီး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက်သေဆုံးပြီး၊ ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရတာပါ။
Read More

ဘောလခဲရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် ကရင်နီဝံပုလွေစစ်ကြောင်းမှ တော်လှန်ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကရင်နီဝံပုလွေစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ပေါက်နဲ့ ကမ္မမှာ စစ်အုပ်စုတွေ ဒရုန်းနဲ့ရော စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ရော စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက်သေဆုံးခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။