ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကျားဖြန့်လုပ်ငန်းတွေရှိရာ KK Park ထဲက လူတွေကို အာဏာသိမ်းစစ်တပ်က မောင်းထုတ်ပြီးတဲ့နောက် KK Park အတွင်း ဖောက်ခွဲမှုတွေ နေ့စဥ်လုပ်ဆောင်နေရာ အဆောက်အဦး ၁၀၁ လုံးအထိ ဖျက်ဆီးပြီးသွားပြီလို့ စစ်တပ်လက်အောက်ခံ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာရှိတဲ့ KK Park ထဲမှာ အဆောက်အဦး ၁၄၈ လုံးရှိပြီး ၁၀၁ လုံးကို ဖောက်ခွဲဖျက်ဆီးပြီးဖြစ်ကာ ၄၇ လုံး ဆက်လက်ဖြိုချဖျက်ဆီးဖို့ ကျန်သေးတယ်လို့ ဆိုပါတယ်။

KK Park ထဲက တစ်ထပ်လူနေအဆောက်အအုံ ၁ လုံး၊ နှစ်ထပ် လူနေအဆောက်အအုံ ၈၀၊ သုံးထပ်လူနေအဆောက်အအုံ ၈ လုံး၊ လေးထပ် လူနေအဆောက်အအုံ ၂၇ လုံး၊ ကိုးထပ် လူနေ အဆောက်အအုံ ၁လုံး၊ ဈေးဆိုင်နဲ့ လူနေနှစ်ထပ် အဆောက်အအုံ ၄ လုံး၊ ဈေးဆိုင်နဲ့ လူနေလေးထပ်အဆောက်အအုံ ၂ လုံး၊ စားသောက်ဆိုင်နဲ့ လူနေနှစ်ထပ် အဆောက်အအုံ ၁ လုံး၊ ဂိုဒေါင် ၁၂ လုံး၊ ခြောက်ထပ်ဟိုတယ် ၁ လုံး၊ GYM အားကစားခန်းမ ၁ ခု၊ နှစ်ထပ် KTV အဆောက်အအုံ ၁ လုံး၊ နှစ်ထပ် SPA အဆောက်အအုံ ၁ လုံး၊ လေးထပ်ဆေးရုံ အဆောက်အအုံ ၁ လုံး၊ နှစ်ထပ် Canteen အဆောက်အအုံ ၂ လုံး၊ နှစ်ထပ်ဈေးဆိုင် အဆောက်အအုံ ၂ လုံး၊ သုံးထပ် လူနေလိုင်းခန်း အဆောက်အအုံ ၃ လုံး၊ စုစုပေါင်း အဆောက်အအုံ ၁၄၈ လုံး တည်ရှိခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အွန်လိုင်းလိမ်လည်မှု ဒုစရိုက် ကျူးလွန်ခဲ့တဲ့ ပြည်ပနိုင်ငံသား ၉၀ ရာခိုင်နှုန်းကျော်ဟာ ထိုင်းနိုင်ငံ နယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်လာတာဖြစ်တယ်လို့လည်း စစ်ကော်မရှင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကော်မရှင်က ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်စီးနင်းမှုတွေ လုပ်ပြခဲ့သလို ကျားဖြန့်လုပ်ငန်းတွေရှိရာ KK Park ထဲ ဖောက်ခွဲမှုတွေ နေ့စဥ်ရက်ဆက် လုပ်နေပေမယ့် ဒါတွေဟာ အကန့်အသတ်နဲ့ လုပ်ပြနေတဲ့ လုပ်ဇာတ်ဖြစ်တယ်လို့ ပြောဆိုချက်တွေ ရှိနေပါတယ်။

KK Park နဲ့ မလှမ်းမကမ်း မိုင်အနည်းငယ်အကွာမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်တဲ့နေရာတွေ ဆက်ရှိနေသေးပြီး အာဏာသိမ်းစစ်တပ်အနေနဲ့ ပြည်တွင်းက သူ့မဟာမိတ် လက်နက်ကိုင်အဖွဲ့တချို့အတွက် ဒီကျားဖြန့်လုပ်ငန်းတွေကို မျက်ကွယ်ပြုပေးထားချင်ပေမယ့် နိုင်ငံတကာ ဖိအားတွေ လျော့နည်းစေဖို့ မတတ်သာဘဲ လုပ်ဆောင်ပြနေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

စစ်ကော်မရှင် ထုတ်ပြန်သည့် KK Park အတွင်း ဖောက်ခွဲဖျက်ဆီးထားမှုများ (ဓာတ်ပုံ စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီးဌာန)

0 Shares:
You May Also Like
Read More

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို စစ်ကောင်စီ ဗုံးသီး ၂၁ လုံးခန့် ကြဲချတိုက်ခိုက်၊ အရပ်သား ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ထားဝယ်ခရိုင် ရဲမှူးရုံးမှ ဒုရဲအုပ်တစ်ဦး လက်နက်နှင့် အလင်းဝင်

အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်တစ်ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ကာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ကစားစရာ သေနတ်နှင့် အမှုတည်ဆောက်ပြီး ၆ နှစ်ကလေးကိုပါ ဖမ်းထားသည့် စစ်ကောင်စီ 

စစ်ကောင်စီဟာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၆ ယောက်ကို စွပ်စွဲဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ယမန်နေ့က သပိတ်ကျင်း၊ လိပ်ကျလမ်းဆုံကို စစ်ကောင်စီ ​ပေါင် ၃၀၀ ဗုံးကြဲချခဲ့မှုအတွင်း အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့

ယမန်နေ့က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၃ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်မှုထမ်းဆင်း စစ်သား ၁ ဦး မော်လမြိုင် ရှေ့တန်း ပို့ဆောင်ခံရချိန် လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ထွက်ပြေးအလင်းဝင်လာ…

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရှေ့တန်းကို ပို့ဆောင်ခံရချိန် စစ်မှုထမ်းဆင်း စစ်သား ၁ ယောက် လက်ပစ်ဗုံး ၂ လုံးနဲ့အတူ ထွက်ပြေးအလင်းဝင်လာတယ်လို့ People Defence Force - Chauk - သခင်ဖိုးလှကြီးတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲက ရှေ့တန်းကင်းစခန်းတချို့ကို ကရင်နီတပ်ပေါင်းစု ပြန်လည်သိမ်းပိုက်ရရှိ…

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်က လက်လွတ်ထားရတဲ့ ရှေ့တန်းကင်းစခန်းတချို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ ကင်စခန်းတချို့ ပြန်လည်ရရှိခဲ့ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ စစ်ဒေသခွဲ အသီးသီးကနေ သတင်းထုတ်ပြန်ထားပါတယ်။