ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်ကော်မရှင်တပ်သား ၃ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက နိုဝင်ဘာ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူ ၃ ယောက်ထဲမှာ ၁ ယောက်က လက်နက်မဲ့ အလင်းဝင်လာတာဖြစ်ပြီး ကျန်တဲ့ ၂ ယောက်ကတော့ လက်နက်ခဲယမ်းတွေနဲ့တကွ ဝင်ရောက်လာတာကြောင့် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်သား ၃ ယောက်ဟာ ခမရ ၄၄၀ တပ်ရင်းက တပ်သား ညီပု၊ ခမရ ၅၉၈ တပ်ရင်းက တပ်သား ချမ်းဟိန်းနဲ့ တပ်သား ဇော်ဇော်မိုးတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်နက်ချပြီး ပြည်သူလူထုနဲ့ ပူးပေါင်းချင်တဲ့ စစ်ကော်မရှင်တပ်သားတွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က လက်ခံကြိုဆိုနေပြီး လူ့အခွင့်အရေးအပြည့်အဝ ရရှိစေမှာဖြစ်ကာ လက်နက်နဲ့တကွ အလင်းဝင်လာသူတွေကိုလည်း ဆုငွေတွေ ချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ စာရင်းအရ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း နယ်မြေဒေသအသီးသီးမှာ စစ်ကော်မရှင်လက်အောက်ခံ တပ်သားတွေ အလင်းဝင်ရောက်လာတာ ၄၅ ယောက် ရှိခဲ့ပြီး ၂၀၂၅ နှစ်စကနေ ၁၀ လတာအတွင်း အလင်းဝင်လာသူ ၂၂၄၆ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

AA ပိတ်ဆို့ထားတဲ့ နခခ (၅) အနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီရဲ့ နခခ (၅) ဌာနချုပ်အနီးတဝိုက်ကိုစစ်ကောင်စီကအောက်တိုဘာ၂၈ ရက် ဒီနေ့မနက်အစောပိုင်းမှာလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းစစ်သား ၄ ဦးကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းစစ်သား ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ (၃၃) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းအပတ်စဉ် (၄) သင်တန်းဆင်း တပ်သားသစ် ၉ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာ၊ လက်နက်နဲ့အလင်းဝင်လာသူများကို သိန်း ၅၀ သိန်းစီ BNRA ဆုချ…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်ကူအဖြစ် ရောက်ရှိနေတဲ့ စစ်မှုထမ်းအပတ်စဉ် (၄) သင်တန်းဆင်း စစ်သား ၉ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတာကြောင့်၊ လက်နက်ပါသူတွေကို ငွေကျပ်သိန်း ၅၀ စီ ဆုချီးမြှ့င်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီ ဗုံးကြဲလို့ ခရီးသည်တင်ယာဉ်တွေကို ထိမှန်၊ ဘုန်းကြီး ၁ ပါး အပါအဝင် အရပ်သား ၄ ယောက်သေဆုံးပြီး ၁၀ ယောက် ထိခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒရုန်းနဲ့  ဗုံးသီးချတိုက်ခိုက်မှုကြောင့် ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ ဘုန်းကြီးတစ်ပါးအပါအဝင်  အရပ်သား ၄ ယောက်သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
Read More

ကန်နီပျူစောထီးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကန်နီ ပျူစောထီးကျေးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက် ‌ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

နောင်မွန်မြို့နယ်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲရာ အရပ်သားပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင် ၊ နောင်မွန်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ကိုးကန့်တပ်မတော် MNDAA က သတင်းထုတ်ပြန်ထားပါတယ်။