မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ရေကြောင်းစစ်ဆေးရေးဂိတ်ကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂ ယောက် ရှိခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။

မြင်းခြံနဲ့ ရေစကြိုမြို့နယ်အစပ်က စစ်အုပ်စုရဲ့ ဆိပ်ညံရေတင်ရုံး ရေကြောင်းစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၊ ၃၊ ၄၊ ၅ ရက်တွေမှာ ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကြဲချတဲ့ ဒရုန်းဗုံးသီးတွေဟာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ ထမင်းစားဆောင်နဲ့ ကမ်းခြေကပ် စစ်သင်္ဘောတွေပေါ် တည့်တည့်ထိမှန်ပေါက်ကွဲခဲ့တာကြောင့် အကြမ်းဖက်စစ်သား  ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂ ယောက် ရှိခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စု၏ ရေကြောင်းစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် တိုက်ခိုက်နေစဥ်

အဆိုပါတိုက်ခိုက်မှုကို ရေစကြိုတပ်ပေါင်းစု ဒရုန်အဖွဲ့နဲ့ မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပြီး ပစ်ခတ်တာမျိုးတွေရှိခဲ့ပေမယ့် တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ရေစကြိုတပ်ပေါင်းစုက ထုတ်ပြန်ထားပါသေးတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း အဲဒီဆိပ်ညံရေတင်ရုံးကို ရေစကြိုတပ်ပေါင်းစုတပ်ဖွဲ့ဝင်တွေက အလားတူ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့လို့ စစ်အုပ်စုထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မင်းတုန်းမြို့တောင်ပိုင်း စစ်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့တောင်ပိုင်းမှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ယောက် Loikaw Local PDF ထံ အလင်းဝင်

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

နှစ်ပေါင်း ၅၀ နီးပါး တပ်စွဲထားတဲ့ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၈ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်(ကျောက်ကြီးမြို့နယ်) အတွင်းက နှစ်ပေါင်း ၅၀ နီးပါးကြာ တပ်စွဲထားတဲ့ မူသယ် အခြေစိုက် ခူသေစိုး စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ဖရူဆိုမြို့နယ်တွင် ခမရ ၅၃၁ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်က ရှေ့တန်းတစ်နေရာကို ပို့ဆောင်ခံရတဲ့ ခမရ ၅၃၁ တပ်ရင်းက တပ်သားတစ်ဦးဟာ တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်နီတပ်မတော်(KA) တပ်ရင်း ၅ ထံမှ သိရပါတယ်။ “သူက KA တပ်ရင်း ၅ ထဲဝင်လာတာမဟုတ်ဘူးဗျ၊ တပ်ပေါင်းစုဆီကို အလင်းဝင်လာတာဗျ၊ အခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ အလင်းဝင်ဖို့လုပ်တာမှာ ကင်းပုန်းဝပ်တဲ့အဖွဲ့နဲ့တိုးပြီး သူတစ်ယောက်ထဲ အလင်းဝင်လာနိုင်တာလို့ ပြောတယ်၊ သူ့တပ်စိတ်မှာ သူက ဒုတပ်စိတ်မှုးလို့လည်း ပြောတယ်” လို့ KA တပ်ရင်း ၅ မှ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ကလေးမြို့ မော်လိုက်ထောင်တွင် အကျဥ်းသားများကို ချနင်းကာ ထောင်အာဏာပိုင်များ စီးပွားရှာကြမ်းနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်အကျဥ်းထောင်မှာ ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းအဆင့်ဆင့်က အကျဥ်းသားတွေရဲ့ လုပ်အားအပေါ် ခေါင်းပုံဖြတ်အမြတ်ရှာရင်း လာဘ်စားမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

၆ နှစ်ကြာ တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ်သား အလင်းဝင်ကာ PDF နှင့်အတူ တိုက်ပွဲဝင်မည်ဟု ဆို

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ယောက် ညကင်း တာဝန်ကျချိန် ထွက်ပြေးရင်း နေပြည်တော် PDF တပ်ရင်း (၉၀၁) ထံ လက်နက်ကျည်ဆံတွေ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။