ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၆ ယောက် သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၈ ရက် မနေ့ နေ့လယ် ၁၂ နာရီကျော်လောက်မှာ စစ်ကော်မရှင်တပ်က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်သံခြေကျေးရွာ စာသင်ကျောင်းကို လေကြောင်းဗုံးကြဲခဲ့ပြီး ဒေသခံ ၂ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် နေ့လယ် ၂ နာရီခွဲလောက်မှာ ပေါက်တောမြို့နယ် အထက (၁) စာသင်ကျောင်းအနီးကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၄ ယောက် သေဆုံးပြီး အမျိုးသမီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ဒါက အာဏာရှင်တွေ လုပ်နေကျ အကွက်တွေပေါ့။ လက်ရှိမှာတော့ ရှောင်တိမ်းနေကြတာတွေလည်း ရှိတယ်။ တချို့လည်း ကြောက်လန့်နေကြတယ်” လို့ ရခိုင်ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ရခိုင်ဒေသရှိ ကျေးရွာတွေကို နိုဝင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်လာတာဟာ သူတို့ မကြာခင်ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်လို့မရတဲ့နေရာတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာမျိုး ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

နွေဦးတော်လှန်ရေးမှာ ပြည်ပရောက် မြန်မာလူမှုအဝန်းအဝိုင်း၏ ပါဝင်ထောက်ပို့မှု အထူးအရေးပါကြောင်း NUG သမ္မတရုံး ပြောခွင့်ရ ပြောကြား

နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာကို ရောက်ရှိနေတဲ့ မြန်မာလူမှုအဝန်းအဝိုင်းရဲ့ ပါဝင်ထောက်ပို့မှုအခန်းကဏ္ဍက အထူးအရေးပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ​ပြောဆိုလိုက်ပါတယ်။
Read More

စစ်အုပ်စု မတရားဖမ်းဆီးထားသည့် MMA ဖိုက်တာ ဖိုးသော် အကျဉ်းထောင်ထဲမှ အောင်လအန်ဆန်ထံ စာပို့

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီး အကျဥ်းချထားတဲ့ MMA ဖိုက်တာ ဖိုးသော်က အကျဉ်းထောင်ထဲကနေ ပေးပို့လိုက်တဲ့စာကို One Championship ရဲ့ Hall of Fame ဖြစ်လာမယ့် MMA ကစားသမား အောင်လအန်ဆန်းက သူ့ရဲ့ Facebookစာမျက်နာမှာ အသိပေးဖော်ပြထားပါတယ်။
Read More

ရေတာရှည်မြို့နယ် နှောပင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီ (၂၅) ယောက်ထက်မနည်း သေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်း နှောပင်ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၂၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မြစ်ကြောင်းအတွင်း စစ်ကောင်စီရဲ့ စက်လှေ RPG ထိမှန် မီးလောင်ပျက်စီး၊ အယောက် ၂၀ ကျော် သေပြီး ၃၀ ခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို စုန်ဆင်းသွားတဲ့ စစ်ကောင်စီရဲ့ စစ်တန်း‌ကေးစက်လှေတစ်စီးကို တိုက်ခိုက်ချေမှုန်းရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်ငူတွင် စစ်ကြောင်းထိုး စစ်အုပ်စုများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးကာ လာလမ်းအတိုင်း ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ‌မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်နီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သီပေါမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။