တရုတ်ရဲ့ ကြားဝင်မှုကြောင့် မိုးကုတ်မြို့ကို တအာင်းတပ်မတော် TNLA လက်လွှတ်ခဲ့ရပြီးနောက် MDY PDF ၊ မိုးကုတ်ဗျူဟာ အပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသက တော်လှန်ရေးတပ်ဖွဲ့တွေကို မိုးကုတ်ကို အစွမ်းကုန် ကာကွယ်သွားမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။

အလားတူ အမရပူရမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က တပ်ဖွဲ့ဝင်ရဲဘော်တွေကလည်း ပတ္တမြားကို ‌ပူးပေါင်းကာကွယ်ဖို့ ရောက်ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။

“အမရပူရရဲဘော်တွေ ဘယ်ရောက်နေလဲဆိုတော့ တာဝန်ကျရာ နယ်မြေမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ ပတ္တမြားမြေရောက် အမရပူရရဲဘော်များ” လို့ အဆိုပါတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်မောက်မြို့မှာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရန် ဆက်သွယ်လာသည့် ရဲတပ်သား ၁ ဦး သွားရောက်ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ နတ်မောက်မြိုနယ်ရှိ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ အမှတ် ၁၁ ရဲတပ်ရင်း (တောင်ငူ) ကနေ ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၃ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ နမခကို ရှော့တိုက်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဌာနချုပ် အဆောက်အဦးများ ထိခိုက်ပျက်စီးပြီး အရာရှိများအပါ သေဆုံးသူ ၂၂ ယောက်အထိ ရှိခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ဝန်းထဲကို ရှော့တိုက်ရော့ကတ်တွေ ပစ်ခတ်တိုက်ခိုက်မှုမှာ အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး အရာရှိတွေအပါအဝင် သေဆုံးသူ  ၂၂ယောက်အထိရှိခဲ့တယ်လို့ Chindwin Rocket Brother-CRB တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတကာပိတ်ပင်ထား‌သော ကလက်စတာ ဆင့်ကဲဗုံးများဖြင့် ရခိုင်ကျေးရွာများကို အကြမ်းဖက်စစ်တပ် ဆက်တိုက်ဗုံးကြဲ

ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်မြောက်ဦးက ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးနောက်၊အကြမ်းဖက်စစ်တပ်က ဒေသခံတွေနေထိုင်တဲ့ အခြားရခိုင်ကျေးရွာတွေကို နိုင်ငံတကာကသုံးစွဲခွင့် ပိတ်ပင်ထားတဲ့ ဆင့်ကဲဗုံး (cluster) ဗုံးတွေနဲ့ပါ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ထွေအုပ်ရုံးက အိမ်စီးကား တိုက်ခိုက်ခံရ၊ ၃ ပွင့်ဗိုလ်အပါ ၃ ဦး သေပြီး လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးထွေရုံးကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီအိမ်စီးကားကို စောင့်ကြိုတိုက်ခိုက်ရာ ၃ ပွင့် ဗိုလ်အပါ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း Brave Heart Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပဲခူးရိုးမက တိုက်ပွဲတွေမှာ စစ်တပ်က လူအင်အားအလုံးအရင်းနဲ့ အသေခံ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ခွာနေရ…

ပဲခူးတိုင်းအနောက်ခြမ်းက ပဲခူးရိုးမပေါ်မှာ နေ့စဉ်နဲ့ အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က အသေခံ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေက တဖြေးဖြေးချင်း ဆုတ်ခွာနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျောက်ကြီးနှင့် ရွှေကျင်တွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် (၄) နှစ်အရွယ် ကလေးငယ်အပါ ပြည်သူ (၅) ဦး သေဆုံး၊ (၂၅) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၅) ယောက် သေဆုံးပြီး (၂၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။