မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တမိုက်သားကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ် သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၇ ရက်က မြင်းခြံ-ပုဂံညောင်ဦး ကားလမ်းဘေးရှိ တမိုက်သားကျေးရွာ သူကြီးအိမ်ရှေ့မှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်အုပ်စုတွေကို မြင်းခြံခရိုင်တပ်ရင်း-၃ ရဲဘော်တွေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေရာမှာ မြင်းခြံခမရ-၁၅တပ်က အကြမ်းဖက်စစ်တပ်နဲ့ သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်တွေ အပါအဝင် အင်အား ၆၀ နီးပါးတပ်စွဲနေတာဖြစ်ပြီး အမျိုးသမီးပြည်သူ့စစ်တွေလည်း ပါဝင်တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲ ၁ နာရီကျော်ကြာဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၅ ယောက် မျက်မြင်သေဆုံးခဲ့ကာ  ထိခိုက်ဒဏ်ရာပြင်းထန်သူ ၅ ယောက် ရှိခဲ့ပြီး မြင်းခြံဆေးရုံပို့ဆောင်လိုက်ကြောင်းနဲ့ ဒဏ်ရာမပြင်းထန်သူ ၃ ယောက်ကိုတော့ ကြာပို့ကျေးရွာ ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။

“တိုက်ပွဲက မနက်ခင်း ၅ ခွဲလောက် စတယ်။ သူကြီးအိမ်မှာ တပ်စွဲထားတာပေါ့။ ၃ ထပ်တိုက်ကိုမှ ဘန်ကာတွေ အခိုင်အမာဆောက်ထားတာ။ RPG နဲ့လည်းပစ်မရလို့ လက်ပစ်ဗုံးတွေ ပစ်ခဲ့ရတယ်။ မျက်မြင် ၅ ကောင် သေတယ်။ မစိုးရိမ်ရတဲ့ ၃ ကောင်ကိုတော့ ကြာပို့ရွာဆေးရုံကို သွားပို့တယ်။ ထိခိုက်တာက စုစုပေါင်း၈ယောက်ပါ။ ဒဏ်ရာပြင်းတဲ့ ၅ ယောက်ကတော့ မြင်းခြံဆေးရုံပို့ထားပါတယ်။ ကျနော်တို့ကတော့ အထိအခိုက်မရှိ ဆုတ်ခဲ့ပါတယ်။ မြေပြင်အခြေအနေကြောင့် လက်နက်ကောက်မရခဲ့ပါဘူး” လို့ မြင်းခြံခရိုင် တပ်ရင်း -၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက မင်းကြိုကျေးရွာအတွင်းက အရပ်သားလူငယ် (၅) ယောက်ကိုလည်း ထပ်မံပြီး ပေါ်တာဆွဲခဲ့ပါသေးတယ်။

“ပေါ်တာဆွဲခံရတဲ့ထဲ အမျိုးသမီးတွေတော့ပါတယ်။ စုစုပေါင်း၁၁ယောက်ကို အမျိုးသားဘယ်လောက်၊ အမျိုးသမီးဘယ်လောက်ပါတယ်တော့ မသိသေးပါဘူး” လို့ မြင်းခြံခရိုင် တပ်ရင်း -၃ တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

လက်ရှိမှာ အထိနာသွားတဲ့ စစ်အုပ်စုက အဲ့ဒီတမိုက်သားကျေးရွာတဝိုက် အင်အားဖြည့် စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Video – MDA 3 Info Page

0 Shares:
You May Also Like
Read More

နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ အင်အား ၃၀ ခန့်ကို အောက်တိုဘာ ၁၁ ရက် မနေ့နေ့လယ်ပိုင်းက‌ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

မြင်းမူမြို့နယ် အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာဝန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမြို့နယ် အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာဝန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားတွေကို နိုဝင်ဘာ ၁၃ ရက် မနေနံနက်အစောပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DK PDF အဖွဲ့ထံက သိရပါတယ်။
Read More

စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ မေလ ၉ ရက်နဲ့ ၁၀ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စလင်းပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ တရားခွင် ရုပ်သံဖိုင် ထွက်ပေါ်လာ (ရုပ်/သံ)

မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ တရားရင်ဆိုင်နေရတဲ့ CCTV ရုပ်သံဖိုင်ကို ဂါဒီယန်းသတင်းမှာ ဖော်ပြလာပါတယ်။
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီဘက် မောင်းနှင်လာသည့် အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းအတွင်း မြိတ်မြို့ဘက်ကနေ တနင်္သာရီဘက် မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို နိုဝင်ဘာ ၃၀ ရက် မနေ့ညပိုင်းက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ‌ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။