အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် အတုအယောင်‌ ရွေးကောက်ပွဲကို မယုံကြည်တဲ့သူဟာ ၉၈ ရာခိုင်နှုန်းရှိတယ်လို့ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) ကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။ 

အဆိုပါ စစ်တမ်းကို ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်းu အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အတွင်းမှာ ကောက်ယူထားတာဖြစ်ပြီး စစ်တမ်းကောက်ယူမှုအရ စစ်အာဏာသိမ်းမှုကို လက်မခံသူ ၉၉ ရာခိုင်နှုန်းရှိပြီး ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဟု ယုံကြည်သူဟာ ၉၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ယုံကြည်သူ ၉၈ရာခိုင်နှုန်းရှိပြီး မဲပေးမှာ မဟုတ်ဟု ဖြေဆိုသူမှာ ၉၆ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ 

အဲဒီစစ်တမ်းမှာ စုစုပေါင်း ဖြေဆိုသူ ၃၆၆၃ ယောက်ရှိပြီး ၈၅ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံအတွင်းက ဖြစ်ကာ ၁၅ ရာခိုင်နှုန်းကတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

ဖြေဆိုသူတွေဟာ မြို့နယ် ၂၇၁ ခုကနေ ပါဝင်ဖြေဆိုခဲ့ပြီး စစ်ကိုင်းတိုင်းက ၂၉ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းက ၁၆ ရာခိုင်နှုန်းဖြစ်ပြီး မြို့ပြဒေသမှာနေထိုင်သူတွေက ၅၁ ရာခိုင်နှုန်း၊ မူလနေရာကနေ ပြောင်းရွှေ့နေထိုင်သူတွေ ၂၄ ရာခိုင်နှုန်း ပါဝင်တယ်လို့ သိရပါတယ်။ 

အဲဒီထဲမှာမှ အသက် ၄၅ နှစ်အောက်အရွယ်ဟာ ၇၀ရာခိုင်နှန်းရှိပြီး အသက် ၆၀ အထက်ဟာ ၆ ရာခိုင်နှုန်းဖြစ်ကာ  အမျိုးသား ၅၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၄၈ ရာခိုင်နှုန်းနဲ့ LGBTQI+ သို့မဟုတ် မဖြေလိုသူက ၂ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီလက်ထက် တစ်မနက်အတွင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး ၃ မြို့မှာ ဓားပြတိုက်၊ လူသတ်မှုတွေ ဖြစ်ပွား

ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့နယ်တွေမှာ ဒီဇင်ဘာလ ၂၆ရက်၊  ဒီနေ့တစ်မနက်အတွင်းမှာပဲ ဓားပြတိုက်၊ လူသတ်၊ လုယက်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
Read More

ရွေး‌ကောက်ပွဲအတုအတွက် နယ်မြေထိန်းချုပ်ရန် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၁၀ ဦးကျော်သေ

“မိုင်းက သူတို့လာမှာသိလို့ ကြိုတင်ထောင်ထားတာထက် ကျနော်တို့က အဲ့လမ်းပိုင်းကို ကျနော်တို့ ပြင်ဆင်မှုတွေ လုပ်ထားတဲ့သဘောပေါ့နော်။ အဲဒီမိုင်းကွင်းထဲကို ဝင်လာတဲ့ စခတွေကို ကျနော်တို့ ဆွဲလိုက်တယ်။ နောက်ပြီး ကျနော်တို့ ပစ်တယ်။ အဲ့အချိန်မှာ သူတို့ကလည်း ပြန်ပစ်တာရှိတယ်။ ကျနော်တို့ကလည်း ပြန်ဆုတ်တယ်” လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေ ခံနေရတဲ့ TNLA ထုတ်ပြန်

တရုတ်နိုင်ငံအစိုးရရဲ့ နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေး ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ရော စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရတဲ့ ပြည်သူတွေ အကျိုးကို ငဲ့ညှာထောက်ထားပြီးတော့ပါ နှစ်ဖက်စစ်ရေး ပဋိပက္ခတွေ အဆုံးသတ်အောင် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးထက်မနည်း ထိခိုက်သေဆုံး…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကျေးရွာ ၂၂ ရွာက ဒေသခံ ၁၅၀၀၀ ခန့် စစ်ရှောင်နေရ… စစ်ရှောင်ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတယ်လို့ NUG ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ကျေးရွာ ၂၂ ရွာက ဒေသခံ ၁၅၀၀၀ ခန့် စစ်ရှောင်နေရပြီး စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီက ဒီမနက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် - MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။