နိုဝင်ဘာလအစက ရန်ကုန်မြို့ Overflow Music Festival ဖျော်ဖြေပွဲမှာ စင်ပေါ်ကနေ လိင်ကိစ္စ ညစ်ညမ်းစကားတွေပြောပြီး ကွန်ဒုံးတွေ ကြဲချခဲ့တဲ့ အဆိုတော် Wink အပါအဝင် အမျိုးသား ၁၃ ယောက်နဲ့ ပွဲစီစဥ်သူ ၃ယောက်ကို ဖမ်းဆီးအရေးယူထားကြောင်း အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့က မနေ့က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖျော်ဖြေပွဲမှာ အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလ နဲ့ Bkho Bain (ခ) သိန်းမင်းထိုက်တို့ ဦးဆောင်တဲ့အဖွဲ့ရဲ့ ညစ်ညမ်းစကားပြောဆိုမှုကာ သီဆိုကခုန်ဖျော်ဖြေမှုဟာ အများပြည်သူကို စိုးရိမ်ထိတ်လန့်မှုဖြစ်စေတယ်လို့ဆိုကာ သူတို့ ၂ယောက် အပါအဝင် စင်ပေါ်တက်ရောက် ကခုန်ခဲ့သူ ၁၃ ယောက်နဲ့ ပွဲစီစဥ်သူ ၃ ယောက်ကို အရေးယူလိုက်တယ်လို့ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

ဒီအဆိုတော်အဖွဲ့ရဲ့ စင်ပေါ်မှာ ညစ်ညမ်းပြောဆိုမှု ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့အချိန်မှာ ပြည်သူတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့သလို ဖမ်းဆီးပေးဖို့ တောင်းဆိုသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

ဝေဖန်ပြောဆိုမှုတွေ အလုံးအရင်း ထွက်ပေါ်လာပြီးတဲ့နောက် အဆိုတော်ဘက်ကရော၊ ပွဲစီစဥ်သူတွေဘက်ကပါ ပရိသတ်ကို တောင်းပန်ကြောင်း ပြန်လည်ပြောဆို ထုတ်ပြန်မှုတွေ လုပ်ခဲ့ပေမယ့် အခုလို ဖမ်းဆီးအရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ဖျော်ဖြေသူတွေနဲ့ ပွဲစီစဥ်သူတွေကို နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်တို့မှာ အသီးသီး သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)/ ၂၉၄/ ၁၁၄ အရ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်က ဒီလိုအရေးယူတဲ့နေရာမှာ နိုင်ငံရေးလုပ်ဆောင်သူတွေအပေါ် များသောအားဖြင့် အသုံးပြုလေ့ရှိတဲ့ ပုဒ်မ ၅၀၅ (က) ထည့်သွင်းထားမှုကို ပြည်သူတွေက ဝေဖန်နေကြပြီး စစ်အုပ်စုက ဥပဒေ ပုဒ်မတွေကို လိုသလို စိတ်ကြိုက်သုံးနေတယ်လို့ ပြောဆိုနေကြပါတယ်။

0 Shares:
You May Also Like
Read More

ကမ္မဒေသရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်၊ စစ်ရှောင်၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီက စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ စစ်ဘေး​ရှောင် ၂ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။
Read More

စစ်ကြောင်းထိုး လက်နက်ကြီးပစ် လူသတ်နေတဲ့ စစ်အုပ်စုနဲ့ PDF တွေ စလင်းမှာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က အထိအခိုက်များပြီး ဆေးရုံပို့ထားရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ​​ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောက်စီဘက်က အထိအခိုက်များခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကို ပြောပါတယ်။
Read More

ပေါ်တာဆွဲခံရပြီး ပြည်သူ့စစ် ဖြစ်လာသူ ၂ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မန္တလေးခရိုင် ထံ လက်နက်နှင့်တကွ အလင်းဝင်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ်၂ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင်ကို ဝင်ရောက်ခိုလှုံလာကြောင်း မန္တလေးခရိုင် ပ.က.ဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြန်မာ့ပြည်တွင်းရေးစွက်ဖက်နေတဲ့ တရုတ်ကို ဩစတြေးလျရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

မြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ရှုတ်ချတဲ့ လှုပ်ရှားမှုအဖြစ် ဩစတြေးရောက် မြန်မာတွေက ပြုလုပ်ခဲ့ကြပါတယ်။
Read More

ကော်ဘရာစစ်ကြောင်း ၂ (Venom Column) မှ စစ်သင်တန်းဆင်းရဲဘော်များကို ဘတ် ၅ သိန်းကျော်တန်ဖိုးရှိ စစ်ဝတ်စုံများ တပ်ဆင် (ဓာတ်ပုံသတင်း)

တောင်ပိုင်းစစ်ဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆင်နွှဲနေတဲ့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) ရဲ့ စစ်ကြောင်းမှူးက စစ်သင်တန်းဆင်းရဲဘော်တွေကို ဘတ်ငွေ (၅) သိန်းကျော် တန်ဖိုးရှိတဲ့ ကျည်ကာတွေနဲ့အတူ ဦးထုပ်၊ အီကွေ့မန့်တွေ တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာရှိ စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ အားဖြည့်ကူညီ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အတွင်း ကျေးရွာပေါင်း ၅၀ ကျော်က စစ်ဘေးရှောင်ဒေသခံပြည်သူတွေဆီ သပိတ်ကျင်းပကဖက စားနပ်ရိက္ခာတွေ ကူညီအားဖြည့်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။