စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ထဲမှာ ၁၀ရက်အတွင်း စစ်ကော်မရှင်တပ် တပ်စိတ်မှူး အပါအဝင် ခမရ -၁၂၀ တပ်ရင်းက ထွက်ပြေးခိုလှုံလာတဲ့ စစ်ကော်မရှင်တပ်သား ၇ယောက်ကို ထိန်းသိမ်းထားတယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ​ ၂၉ရက်နေ့ကစလို့ ၁၀ရက်အတွင်း ဝန်းသိုမြို့နယ် ​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်ကော်မရှင်တပ်သား ၇ ယောက်ရှိပြီဖြစ်ပြီး လက်ရှိမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

အဲ့ဒီ ၇ယောက်ထဲမှာ ဝန်းသိုမြို့နယ် ပကဖထံ ချိတ်ဆက်အလင်းဝင်ရောက်လာသူ ၁ယောက်ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ စစ်တပ်ရင်းထဲကနေ ထွက်ပြေးလာချိန်မှာ ကျေးရွာ ပကဖတွေနဲ့ တွေ့ဆုံပြီး ဖမ်းဆီးထိန်းသိမ်းရမိတာလို့ ဝန်းသို ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အလင်းဝင်ရောက်လာသူရော ထွက်ပြေးလာသူတွေအားလုံးဟာ တပ်မ ၃၃ လက်အောက်ခံ ဝန်းသိုမြို့အခြေစိုက် ခမရ-၁၂၀ က စစ်ကော်မရှင်တပ်သားတွေဖြစ်ပြီး တပ်စိတ်မှူး ၊ ဒုတပ်စိတ်မှူး၊ လက်နက်ကြီးတပ်သား​အပြင် ပေါ်တာဆွဲဖမ်းဆီးခံရသူတွေ ပါဝင်ကြောင်း သူကဆက်ပြောပါတယ်။
“အခုထွက်ပြေးလာတာက ခမရ ၁၂၀ ကပါ။ ဒုတပ်စိတ်မှူး ၁ယောက်ပါတယ်။ တပ်စိတ်မှူး ၁ယောက်ပါတယ်။ တပ်သား ၁ယောက်ပါတယ်ပေါ့။ ကျန်တာက (ပစ) စစ်မှုထမ်းတွေပါ။ ပစတွေက မန္တလေး၊ ရန်ကုန်၊ မိတ္ထီလာနဲ့ ဖောင်းပြင်ဘက်တွေကနေ ပေါ်တာဆွဲခံရသူတွေပါ။ ခမရ ၁၂၀ ကနေ ထွက်ပြေးကြတယ်။ အဲ့မှာ ကျေးရွာ ပကဖတွေ၊ တပ်စိတ်ရဲဘော်တွေနဲ့တွေ့ပြီး ထိန်းသိမ်းရမိတာပါ။ ကျနော်တို့ဆီ ချိတ်ဆက်အလင်းဝင်လာတာက ၁ယောက်ပါပဲ။ ကျန်တဲ့၆ယောက်ကတော့ မနေချင်လို့ ထွက်ပြေးလာတာတွေပါ။ ” လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ချိတ်ဆက်အလင်းဝင်ရောက်လာသူက မန္တလေးမြို့ကနေ ပေါ်တာဆွဲဖမ်းဆီးခံရသူဖြစ်တယ်လို့လည်း သိရပါတယ်။

“အလင်းဝင်လာသူကို အလင်းဝင်လာတဲ့သူလို စောင့်ကြည့်ကာလတစ်ခုထားပြီး ပြည်သူ့ရင်ခွင်တို့ဘာတို့ဆီ ပို့ဆောင်ပေးမှာပေါ့နော်။ ကျန်တဲ့ထွက်ပြေးလာတဲ့သူတွေကိုတော့ သူတို့စစ်ကြောင်းတွေထွက်ခဲ့တာရှိလို့ စစ်ရာဇဝတ်မှုရှိမရှိ ထွက်ဆိုချက်တွေယူနေတယ်။ သူတို့ရှေ့တန်းထွက်ခဲ့တဲ့နေရာတွေက စစ်ဘက်စစ်ဆေးရေးအရာရှိတွေနဲ့ ချိတ်ဆက်စစ်ဆေးမယ်ပေါ့။ အပြစ်ရှိရင် စစ်ခုံရုံးတင်အပြစ်ပေးပါမယ်” လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပုံစာ- ဝန်းသိုပကဖ ထိန်းသိမ်းထားသည့် စစ်ကော်မရှင်တပ်သားများ
0 Shares:
You May Also Like
Read More

ပေါက်ခေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ…(ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ပြည်ခရိုင်အခြေစိုက် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေအတွက် အခြေခံစစ်ပညာသင်တန်းကို ၃ လကြာ သင်တန်းပေးခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၇ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က ရပ်ကွက်တစ်ခုမှာ လူငယ် ၇ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

မအူပင်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ သင်တန်းတက်ပြီး ပြန်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ် ၉ယောက်ကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ တံတားကြီးကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်က လူငယ်တချို့ကို တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်သင်တန်းတက်ရောက်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားကြောင်း သိရပါတယ်။
Read More

မုံရွာ အမှတ် (၂) ရဲစခန်းက ဒုရဲအုပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အမှတ်(၂)ရဲစခန်းက ဒုရဲအုပ် ၁ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံမြို့ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခရီးသည်တင်ယာဥ်ပေါ်မှ ၈/ မှတ်ပုံတင်ကိုင်ဆောင်ထားသူ ၃ ဦးကို စစ်ကော်မရှင် ပေါ်တာဆွဲဖမ်းဆီး

ရန်ကုန် − စလင်း − ဆင်ဖြူကျွန်းဘက်ကို ပြေးဆွဲနေတဲ့ မိုးသောက်ရောင်နီကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသွားပြည်သူ ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။