မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရတဲ့အတွက် ဗိုလ်ကြီးတစ်ယောက်အပါအဝင် ၃ ယောက်သေဆုံးသွားတယ်လို့ ရေစကြိုမြို့နယ် ပကဖ ရဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာ ၇ ရက် မနေ့က နေ့လယ် ၂ နာရီလောက်မှာ ရေစကြိုမြို့နယ် တပ်၃တပ်က အင်အား (၅၀) ဝန်းကျင်နဲ့ စုပေါင်းထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပေကုန်းကျေးရွာရေတံခါးအနီး လမ်းကင်းယူနေချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။

အဲဒီလိုမိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် မိုင်းအနားမှာရပ်နေတဲ့ စစ်ကော်မရှင်တပ်သား ၁၀ယောက်ထဲက ဗိုလ်ကြီးတစ်‌ယောက်နဲ့ တပ်သား‌ ၂ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

“အပြန်အလှန် ပစ်ခတ်မှု မရှိဘူးဗျ၊ မိုင်းဆွဲခံရပြီး သေသွားတာကို တပ်တွင်းသတင်းအရ သိတာ၊ ဒီနေ့ နာရေး လုပ်နေကြတယ်၊ ကိုယ့်ဘက်က ထိခိုက်မရှိခဲ့ဘူး” လို့ ရေစကြိုမြို့နယ် ပကဖ ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဓာတ်ပုံ – စစ်ကော်မရှင်တပ်သားများ (ပုံဟောင်း)

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဒေသခံ ၂ ယောက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သလို အနီးနားကျေးရွာက နေအိမ် ၃ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့တယ်လို့ ဆိုပါတယ်။

“မိုင်းဆွဲခံရပြီး တပ်က ကားနဲ့လာခေါ်သွားတယ်၊ မိုင်းဆွဲခံရပီး စကမ တွေရောက်လာပီး တနေကုန် ရမ်းသမ်းပစ်ခတ်တာတွေ လုပ်တယ်၊ ဒီနေ့တော့ ပြန်သွားကြပြီ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကလည်း ခလရ ၂၅၈ က စစ်ကော်မရှင်တပ်သားတွေဟာ ရေစကြိုမြို့နယ် ကမ္ဘဲ့ကျေးရွာထဲကို ၈၀ မမ လက်နက်ကြီး (၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရေစကြို ပကဖတပ်ဖွဲ့က မီးငြိမ်းဖို့သွားချိန်မှာ စစ်ကော်မရှင်တပ်ဘက်က နောက်ထပ် ၈၀ မမ နဲ့ ထပ်မံပစ်ခတ်ခဲ့လို့ ရဲဘော်ကောက်ကြီး(ခ)မောင်ရန်နိုင် နဲ့ ဇနီးဖြစ်သူတို့ ကျဆုံးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် KRF တပ်ဖွဲ့၀င်များကို ပြည်သူများ ကြိုဆို

ဖလမ်းမြို့သိမ်းတိုက်ပွဲက ပြန်လည်ရောက်ရှိလာတဲ့ ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်​တွေကို​ ဒေသခံပြည်သူ​တွေက​ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ KRF က အသိပေးထုတ်ပြန်ပါတယ်။
Read More

AA ၏ ထိုးစစ်အောက် နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်သား ၂၃ ယောက်ကို CDF-Asho ဖမ်းမိ၊ လက်နက်ခဲယမ်းများပါ ရရှိ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ နေအိမ် ၄ လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ Karenni Human Rights Group (KnHRG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တီးတိန်အခြေစိုက် ခလရ ၂၆၉ ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၉ ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ယောက်နဲ့ တပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF Zoland က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အင်အားပြင်းစစ်ကိုင်း ငလျင်လှုပ်ခတ်အပြီး မြေပြင်ပုံစံပြောင်းလဲသွားမှုကို နာဆာက ထုတ်ပြန်

အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် မြေပြင်ပြောင်းလဲသွားမှုတွေကို ဂြိုလ်တုက ရရှိတဲ့ အချက်အလက်တွေပေါ်မူတည်ပြီးအမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန NASA က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

အချုပ်ခန်းဖောက်ပြေးတဲ့ ပျူစောထီး ၂ ယောက်ကို PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် အေးမြသာယာမြို့မှာ အချုပ်ခန်းဖောက်ပြေးတဲ့ စစ်တပ်သတင်းပေး ပျူစောထီး ၂ယောက်ကို အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။