Yoma Fighter စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စစ်ကြောင်းမွန်းမံ သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်က ပဲခူးရိုးမအတွင်းရှိ လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြီးစီးခဲ့တယ်လို့ Nay Pyi Taw PDF က ဒီကနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

Yoma Fighter စစ်ကြောင်းကို နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဗျူဟာအမှတ်(၁၇) တပ်ရင်းအမှတ် ၉၀၂၊ တပ်ရင်းအမှတ် ၈၀၄ နဲ့ သရက်ခရိုင်အမှတ် ၁ တပ်ရင်းတို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။

Video-Nay Pyi Taw PDF

0 Shares:
You May Also Like
Read More

မန္တလေး-မုံရွာလမ်းပေါ်တွင် ပြည်‌သူများထံမှ ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေး-မုံရွာလမ်းပေါ်မှာ ခရီးသွားပြည်သူတွေထံကနေ ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။
Read More

အောင်လံမြို့နယ် နတ်မောက်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ အလစ်အငိုက်တိုက်ခိုက်၊ စစ်သား ၈ ဦး သေပြီး စခန်းမျှော်စင်နှင့် ကင်းတဲ မီးလောင် (ရုပ်/သံ)

မကွေးတိုင်း၊ အောင်လံမြို့နယ် စစ်တပ်ရဲ့ နတ်မောက်ဂိတ်စခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့လယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်ကောင်စီ မတရားဖမ်းဆီးထားသူများ လွတ်မြောက်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

မန္တလေးမြို့လယ်တစ်နေရာမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းချခံထားရသူတွေ လွတ်မြောက်စေရေး လူထုသပိတ်ပြု လုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ခံများ အကြမ်းဖက်စစ်တပ်ကို လက်မခံကြောင်း သံပုံးတီး ဆန္ဒပြ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၆ ရက် မနေ့ည ၈ နာရီဝန်းကျင်ခန့်မှာ မြို့ခံ ပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီကို လက်မခံနိုင်ကြောင်း သံပုံးတီးဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ထော်လာဂျီ၊ ဆိုင်ကယ်များဖြင့် ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ ပြောက်ကျား တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်း စစ်ရှောင်များ နေထိုင်သည့်နေရာ ဗုံးကြဲခံရ၊ ပြည်သူ ၄ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပြေချောင်းကျေးရွာရှိ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၄ ယောက် သေဆုံးခဲ့ရတယ်လို့ Voice of Mandalay ထံက သိရပါတယ်။