ပြီးခဲ့တဲ့လက KK Park စီးနင်းမှုအပြီးမှာ ထွက်ပြေးလာကြတဲ့ အိန္ဒိယနိုင်ငံသား စုစုပေါင်း ၂၇၀ ဦးကို ထိုင်းနိုင်ငံမှတဆင့် ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က နိုဝင်ဘာ ၇ ရက် သောကြာနေ့မှာ ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ထိုင်းမှာပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကြာသပတေးနေ့က အထူးလေယာဉ်နှစ်စီးနဲ့ ပြန်ခေါ်ခဲ့ကြောင်း၊ လာမဲ့ရက်တွေထဲ နောက်ထပ်ပြန်လာမဲ့သူတွေလည်းရှိကြောင်း သိရပါတယ်။

“အိန္ဒိယနိုင်ငံသား ၂၇၀ မနေ့ကပဲ ထိုင်းကပြန်ရောက်လာပါတယ်၊ ထိုင်းအာဏာပိုင်တွေက သူတို့ဘက်က လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပြီးတဲ့နောက်မှာ ကျွန်တော်တို့က ဒီလူအားလုံးရဲ့ အချက်အလက်တွေကို သေချာအောင် စစ်ဆေးပြီး မနေ့က အိန္ဒိယကို လေယာဉ်နဲ့ ပြန်ခေါ်ဆောင်ခဲ့ပါတယ်” လို့ Jaiswalက ရှင်းပြပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့အဆိုအရ KK Park စီးနင်းခံရမှုနောက်ပိုင်း အိန္ဒိယ၊ တရုတ်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ ဖိလစ်ပိုင် အပါအဝင် နိုင်ငံ ၁၀ နိုင်ငံက လူပေါင်း ၁,၇၀၀ ခန့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံသားတွေအနေနဲ့ ကမ္ဘာတဝန်းက ကျားဖြန့်လုပ်ငန်းတွေကို ရှောင်ရှားဖို့ ကြိုတင်ထုတ်ပြန်ထားတဲ့ ခရီးသွားလာရေး သတိပေးချက်တွေအကြောင်း Jaiswal က ထပ်ပြောခဲ့ပါတယ်။

“ဒီလိမ်လည်မှုစခန်းတွေကနေ ဝေးဝေးနေကြဖို့ အိန္ဒိယအစိုးရရဲ့ အေဂျင်စီတွေကနေ အဆက်မပြတ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အရင်းအနှီးက အရမ်းကြီးပါတယ်။ လူတွေ အဲဒီကို သွားကြတဲ့အခါ အကြမ်းဖက်မှုတွေ၊ နည်းမျိုးစုံနဲ့ အမြတ်ထုတ်မှုတွေ ကြုံတွေ့ရပါတယ်” လို့ သူက ဆိုပါတယ်။

“အဲဒီလိုမျိုး အလုပ်ကမ်းလှမ်းတာမျိုးတွေကနေ ဝေးဝေးနေပြီး အဲဒီအလုပ်ကမ်းလှမ်းလာတဲ့ သူတွေကိုလည်း သေသေချာချာ စစ်ဆေးကြဖို့ ကျွန်တော်တို့ အိန္ဒိယနိုင်ငံသား အားလုံးကို ထပ်မံ တိုက်တွန်းပါတယ်။ ဘာလို့လဲဆိုတော့ အရမ်းအန္တရာယ်ကြီးလို့ပါ” လို့ သူက သတိပေးထားပါတယ်။
News-TheTribune/Photo-News18

0 Shares:
You May Also Like
Read More

စစ်ရှောင်ရာမှ နေအိမ်ပြန်လာသည့် ဒေသခံများ အိပ်မောကျနေချိန် စစ်တပ်ဗုံးကြဲလို့ ဒေသခံ ၅ ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းက ဒေသခံတွေဟာ အကြမ်းဖက်စစ်ကြောင်း ပြန်ထွက်သွားတဲ့အတွက် စစ်ရှောင်ရာကနေ နေအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အိပ်မောကျနေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲရက်ဆက်ဖြစ်ပြီး စစ်တပ်က မြေပြင်ကရော လေကြောင်းနဲ့ပါ အင်အားသုံးတိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အင်အားသုံးစစ်ကြောင်းထိုးကာ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

ဝက်လက်အရှေ့ခြမ်းကို စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၄ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network တာဝန်ခံထံက သိရပါတယ်။
Read More

ရဲဘော် ရာဇာနှင့် ရဲဘော် သီဟလေး သင်သွားလိုရာကို လွတ်လပ်စွာ သွားနိုင်ပါပြီ

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ရဲဘော် ရာဇာနဲ့ ရဲဘော် သီဟလေးတို့ဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရှေ့ဆင့်နောက်ဆင့်ပဲ ရဲဝင့်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ငူတွင် စစ်ကြောင်းထိုး စစ်အုပ်စုများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးကာ လာလမ်းအတိုင်း ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ‌မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်နီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်လက်နက် အသုံးအဆောင်ပစ္စည်းများ အရည်အသွေးမြင့်အောင် ထုတ်လုပ်ရန် မင်းအောင်လှိုင် မှာကြား 

လက်ရှိအသုံးပြုနေတဲ့ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို အရည်အသွေးမြင့်အောင် ထုတ်လုပ်ဖို့ ကြိုးစားရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။