တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျောက်လှေကားကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်၂တပ်ရင်းက မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က သရက်ချောင်းမြို့နယ် ကျောက်လှေကားကျေးရွာကို ထပ်မံစစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။

၉ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့လို့သိရပ်တယ်။ အဆိုပ်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့လည်း သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ အပြစ်မဲ့ပြည်သူလူထုနေအိမ်တွင်းရှိ တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူတာ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video-PDF Dawei District Battalion 2 – P23302
0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဇန်နဝါရီ ၇ ရက် မနေ့ညနေပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ် ၃ စီးကို ချောင်းဦးနဲ့ နတ်ရေကန်အကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Seven People Defence Force - SPDF ထံက သိရပါတယ်။
Read More

ဆိပ်ဖြူအခြေစိုက် ကပစ ၂၁ က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၇ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၁ စီး ထိခိုက်ပျက်စီး (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူအခြေစိုက် ကပစ ၂၁ ကနေ အိုးထိန်း-မင်းလျင်လမ်းအတိုင်း တညောင်ဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၇ စီးကို ဒီးဒုတ်ပင်ရွာနဲ့ သမန်းကျင်းကျေးရွာအကြား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။
Read More

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ် ကျေးရွာ ၂ ရွာကို ဝင်ရောက်မီးရှို့၊ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိနာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၈ ရက် ညပိုင်းက ကျောင်းကုန်းရွာနဲ့ သံပုရာခြံရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။
Read More

တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့ခံထားရတဲ့ တောင်းအင်စစ်စခန်းမှာ စစ်ကော်မရှင်တပ်သားတွေ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် တောင်းအင်စခန်းကနေ စစ်ကော်မရှင်တပ်သားတွေ ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မြန်မာပြည်သူ ၃ ယောက်မှာ ၁ ယောက်က လူသားချင်းစာနာထောက်ထားမှုများ လိုအပ်နေသည်ဟု ဗြိတိသျှသံရုံးအကြီးအကဲ ပြော (ရုပ်/သံ)

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေဟာ ပြည်သူတွေအပေါ် ထိခိုက်မှုတွေရှိနေပြီး ပြည်သူ ၃ ယောက်မှာ ၁ ယောက်ဟာ လူသားချင်းစာနာထောက်ထားမှုတွေ လိုအပ်နေတယ်လို့ ဗြိတိသျှ သံရုံးအကြီးအကဲ Ken O’Flaherty က ပြောကြားခဲ့ပါတယ်။