တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံသံမဏိလိပ်ပြာတပ်ဖွဲ့ဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံတာကြောင့် ဆန့်ကျင်တဲ့အနေနဲ့ အခုလို မိုင်းခွဲခဲ့တာဖြစ်တယ် လို့လည်း ဆိုပါတယ်။ မိုင်းခွဲခံရတဲ့ ကြံ့ခိုင်ရေးရုံးကတော့ မီးလောင်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

“ကြိုတင်မိုင်းထောင်ပြီးခွဲခဲ့တာပါ၊ ဒီရုံးကို မိုင်းခွဲရတဲ့ ရည်ရွယ် ချက်ကတော့ ထုတ်ပြန်ချက်မှာရေးထားပါတယ်” လို့ လောင်းလုံသံမဏိလိပ်ပြာတပ်ဖွဲ့က တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မိဘပြည်သူများအနေနဲ့လည်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုလုပ်ဖို့နဲ့ စည်းလုံးနှိုးဆော်ပေးခြင်း၊ ကိုယ်တိုင်ပူးပေါင်းပါဝင်ခြင်း၊ အခြားသောပြည်သူတွေကို အတင်းအကြပ် ဖိအားပေးပါဝင်စေခြင်းများ မပြုလုပ်ဖို့အတွက်လည်း ထုတ်ပြန်သတိပေးထားပါတယ်။

ဒါ့အပြင် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့အနေနဲ့ ပြည်သူ့ဆန္ဒမပါတဲ့ အတုယောင်ရွေးကောက်ပွဲကို နေရာဒေသမရွေး ဆန့်ကျင်တုန့်ပြန်သွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာလည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ဟာ လောင်းလုံမြို့နယ် မောင်းမကန်ကျေးရွာဘက်ကနေ ကရင်ကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

မြိတ် – ထားဝယ်ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး ရုံးလုပ်ငန်းနဲ့ မှူခင်းအထူးသင်တန်း ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ မြိတ် - ထားဝယ်ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး ရုံးလုပ်ငန်းနဲ့ မှူခင်းအထူးသင်တန်း ပြုလုပ်ခဲ့တယ်လို့ KYO မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။
Read More

ဗကပ ရဲ့ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနှင့် အနောက်မြောက်စစ်ဒေသမှာ ပြုလုပ်ခဲ့…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနဲ့ အနောက်မြောက်စစ်ဒေသတွေမှာ မတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံတဝန်းက မြို့တွေမှာ ပံ့သကူအလှူနဲ့အတူ တော်လှန်ရေးသတင်းစကားတွေ ဖြန့်ဝေခဲ့…

ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံတဝန်းက မြို့တွေမှာ ပံ့သကူအလှူနဲ့ တော်လှန်ရေးသတင်းစကားတွေ ဖြန့်‌ဝေတဲ့ လှုပ်ရှားမှုကို တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ ၁၅ ရက် ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု - AJAY က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းလုံမြို့နယ် မန်စန်းကျေးရွာတွင် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်အပါ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ မန်စန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့စည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်းတွင် ၂၀၂၅ ခုနှစ် ၄ လတာအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ဦး သေဆုံးခဲ့

မကွေးတိုင်းအတွင်း ဇန်နဝါရီလ အစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုနှင့် စဉ့်ကူးကို ဆက်သွယ်ထားသည့် ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။