မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်ဘေးရှောင်တွေရှိတဲ့ ကျေးရွာ၂ရွာကို လေကြောင်း တိုက်ခိုက်မှုတွေ ရမ်းကားလုပ်ဆောင်ခဲ့ရာ အမျိုးသမီးတွေအပါအဝင် ၄ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ရှိသူ၁ယောက်ကမောင်းကိုပြောပါတယ်။

နိုဝင်ဘာလ ၇ရက်၊ မနေ့က နေ့လည်၁၂နာရီခွဲအချိန်ကစလို့ စစ်အုပ်စုရဲ့ မိတ္ထီလာလေဆိပ်တက် ဂျက်ဖိုက်တာ၁စီးက စဥ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု၂ကြိမ်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေတဲ့ အမျိုးသား၁ယောက်နဲ့အမျိုးသမီး၂ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် နေ့လည်၁နာရီ၂၅မိနစ်လောက်မှာလည်း တံတားဦးလေဆိပ်တက်ဂျက်ဖိုက်တာက ရွှေပြည်ကျေးရွာစာသင်ကျောင်းနဲ့ ညောင်ကုန်းကျေးရွာတွေဆီ လေကြောင်းကနေ နောက်ထပ် ၃ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ဒီတိုက်ခိုက်မှုမှာလည်း အမျိုးသမီး၁ယောက်သေဆုံးပြီး အမျိုးသား၅ယောက်ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အ​ဆောက်အအုံ၁လုံးပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။

အကြမ်းဖက်စစ်တပ်တိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ တိုက်ပွဲဖြစ်တာမျိုးလုံးဝမရှိပဲ မတ္တရာမြို့နယ်တွင်း အကြမ်းဖက်စစ်ကြောင်းတွေဝင်ရောက်နေမှုကြောင့် တိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်တွေနေထိုင်နေတဲ့နေရာဖြစ်တယ်လို့လည်းသိရပါတယ်။

လက်ရှိမှာ ပြင်ဦးလွင်ခရိုင်အတွင်းက မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်တာတွေရှိနေတာကြောင့် အရပ်သားတွေစစ်ရှောင်နေရသလို လေကြောင်းတိုက်ခိုက်မှုတွေပါဆက်တိုက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းက တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ ဆည်တော်ကြီးကိုလည်းပြန်လည်သိမ်းဆည်းရမိကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

ပုံစာ- စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သော စစ်ဘေးရှောင်ပြည်သူများ
0 Shares:
You May Also Like
Read More

ရေဦးကို ဝင်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို ကန့်ဘလူနယ်ထဲက အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေ နယ်မြေချဲ့ စစ်ကြောင်းထိုးလာတာဟာ ၅ရက်နီးပါးရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

သီတင်းကျွတ်လပြည့်နေ့တွင် သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၊ ကလေး (၁) ဦးအပါ (၃) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

အသက် ၆၀ ကျော် အရွယ်ကို စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ပုလောမှာ CDM ဝန်ထမ်းတွေကို ဖမ်းဆီးရန် သတင်းလိုက်ပေးသည့် အုပ်ချုပ်ရေးမှူးသားအဖ ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးဖို့ စစ်တပ်ကို သတင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

NLD အစိုးရလက်ထက် ဝယ်ယူခဲ့သည့် DEMU လူစီးရထားအား မင်းအောင်လှိုင်က သူ့လက်ထက်မှာ တိုးတက်နေသဖွယ် လိုက်ပါစီးနင်းပြ

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD အရပ်သားအစိုးရလက်ထက်မှာ ဝယ်ယူခဲ့တဲ့ နေပြည်တော်-ရန်ကုန် အမှတ်(၈)အစုန် DEMU လူစီးရထားကို ခရီးသည်တွေနဲ့အတူ လိုက်ပါစီးနင်းခဲ့တယ်လို့ စစ်တပ် လော်ဘီ သတင်းချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်း ပြန်ထွက်သွားလို့ ကိုယ့်ရွာကို ပြန်ရောက်ချိန် နေအိမ် ၁၈ လုံး ပြာကျနေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု၊ အိုမကျေးရွာကို တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းထဲက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးသွားခဲ့ပါတယ်။