မကွေးတိုင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စစ်ရေးမဖော်ဆောင်သော်လည်း ပြည်သူလူထုအသုံးပြုနေတဲ့ လမ်းပိုင်းများအား ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ တယ်လို့ ပကဖအသံက နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပကဖ အဖွဲ့တွေကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းထားရှိပြီး လူထုစည်းရုံးရေး၊ ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်လျက်ရှိတယ်လို့လည်း ဆိုထားပါတယ်။

Video-ပကဖအသံ

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်အတွင်း နေရာအရွှေ့အပြောင်းလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်လှေခါးဂိတ်စခန်းမှ ပန်းတိုင်ခြုံဓိတ်စခန်းသို့ ကားတွေနဲ့ နေရာအရွှေ့အပြောင်းလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးခဲ့တယ်လို့ Southern YSO PDF မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က ပြည်သူပိုင်ယာဉ်များကို ချောဆွဲပြီး ကျောက်လှေခါးဂိတ်စခန်းမှ ပန်း တိုင်ခြုံဂိတ်စခန်းသို့ ကား ၅ စီးနဲ့ နေရာရွှေ့ပြောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ နောက်ဆုံးကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ပြင်ကန်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်း ဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People's Democratic Army ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သား ၅ ယောက် သေ၊ ၄ ယောက် အရှင်မိခဲ့တဲ့ ထားဝယ် ရွှေဂူဂိတ်စခန်းနှင့် စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်မှု (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရှင်မုတ္ထီး‌ကျေးရွာက စစ်ကောင်စီရဲ့ ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းကို ဇန်နဝါရီ ၂၉ ရက် နေ့လည်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၂ ယောက် ဒဏ်ရာရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် MBT တပ်ဖွဲ့ဝင်များ မြို့တွင်းတွင် လှည့်လည်အောင်ပွဲခံ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင် (Operation CB) နဲ့အတူ Myingyan Black Tiger (MBT)တပ်ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဧပြီ ၁၀ ရက်မှာ MBT က သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ MBT တပ်ဖွဲ့ဝင်တွေဟာ မြို့ကိုသိမ်းပိုက်အပြီး မြို့တွင်းမှာ လှည့်လည်အောင်ပွဲခံခဲ့ကြတယ်လို့လည်း သ်ရပါတယ်။
Read More

လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ကြဲချလို့ ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီနေ့ မနက် ၁ နာရီဝန်းကျင်ခန့်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။