အကြမ်းစစ်တပ်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းကို ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲများအတွင်း စစ်သား ၄၀ ခန့် သေဆုံးခဲ့ပြီး၊ စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ချင်းညီနောင်ကနေ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကစတင်ကာ တီးတိန်မြို့အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မှရှင်တပ်တွေနဲ့ တော်လှန်ရေးတပ်တို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ တီးတိန်-ကလေးလမ်း ဒိမ်လို လမ်းခွဲအနီးမှာ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ရှေ့ဆက် မတိုးနိုင်တော့နဲ့ စစ်ကော်မရှင်တပ်တွေဆီကို ခလရ (၂၆၉) မှ စစ်ကူအင်အား ၈၀ ခန့် ထပ်ပို့လိုက်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဆီက လက်နက်တချို့ နဲ့ ပြည်သူဆီက အဓမ္မချောဆွဲထားတဲ့ မော်တော်ကား ၁ စီးကို ချင်းညီနောင်ကနေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်းလည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့အရောက်မှာ စစ်ကော်မရှင်တပ်က ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့မှာတော့ စစ်ကော်မရှင်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ဦးအပါအဝင် ဒေသခံပြည်သူ ၁၄ ဦးကို ချင်းညီနောင်တပ်ဖွဲ့က ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွင်းမှာ စစ်ကော်မရှင်ဘက်မှ အနည်းဆုံး ၄၀ ခန့် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ထွက်ပြေးသွားသူတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ချင်းညီနောင်ကနေ အသိပေးထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှစပြီး တီးတိန်မြို့ ခလရ (၂၆၉) ကို Mi 17 ရဟက်ယာဉ်နဲ့ အခေါက်ရေ (၂၆) ကြိမ် ဆင်းသက်ကာ စစ်အင်အား (၅၀၀) ခန့်ကို ဆက်တိုက်ပို့ဆောင်ခဲ့ပြီးနောက်ပိုင်း အခုလို စစ်ကြောင်းထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ ချင်းညီနောင်ကနေ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့

မကွေးတိုင်း ၊ ပေါက်မြို့နယ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ရှုံးကောင်စီ လူထုကို အကြောက်တရားပေးရန် သတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်လာ၊ “လူသတ်တာတွေလုပ်ပြတာကို ပြည်သူတွေက မကြောက်ဘဲ တည်တည်ငြိမ်ငြိမ်လေး ဖြစ်နေတာကို သူတို့ကမလိုချင်ဘူး။ သူတို့ကို ကြောက်စေချင်တာ”

စစ်သည်အင်အား တဖြည်းဖြည်း ပိုမိုလျော့နည်းလာကာ တိုင်းပြည်နေရာအနှံ့မှာလည်း စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အာဏာရှင်ပီပီ ပြည်သူတွေကို အကြောက်တရားရိုက်သွင်းပြီး အုပ်ချုပ်နိုင်ဖို့ ပိုမိုကြိုးစားလာနေပါတယ်။
Read More

နတ်ရေကန်တာဝါတိုင်စခန်းမှ စစ်သားတစ်ဦး တိုက်ပွဲအတွင်း လက်နက်ချ ထွက်ပြေးကာ အလင်းဝင်

မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်တာဝါတိုင်စခန်းကုန်းက စစ်ကောင်စီတပ်သားတစ်ယောက် ထွက်ပြေးကာ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်တပ်က စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းမိခဲ့ပြီး ဒဏ်ရာရ စစ်သုံ့ပန်းတွေကို ဆေးကုသပေးနေ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၅ နယ်မြေ ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၁၇ ယောက်ဖမ်းမိပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ KNU-Mutraw News က ထုတ်ပြန်ထားပါတယ်။
Read More

လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးထားကာ ထောင်နှင့်ချီ သတ်ဖြတ်ထားသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်ကဏ္ဍ အရေးကြီးကြောင်း ပြော

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း လူငယ်လူရွယ် ၂၀၀၀ ကျော်ကို သတ်ဖြတ်ပြီး လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တည်ဆောက်ရေးမှာ လူငယ်အခန်းကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ရဲဘော်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှေ့တန်းတနေရာမှာ စစ်သုံးစစ်တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူလူထု တရပ်လုံး လွတ်မြောက်ရေးအတွက် ပင်ပန်းဆင်းရဲခံကာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။