စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက ဘုတလင်မြို့နယ် ဇီး‌တောရွာကနေ မြောက်ဘက်သို့ စစ်ကြောင်း ထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက အသင့်ထောင်ထားတဲ့ ပဒေသာရှေ့ထွက်မိုင်းနဲ့ ‌ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိနစ် ၄၀ ကြာ အပြန်အလှန်ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်သားတွေ အထိနာကာ ဇီးတောရွာသို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၅ ရက်မှာလည်း အကြမ်းဖက်စစ်သားတွေဟာ အင်အား ၆၀ ခန့်နဲ့ ပိုးကုန်းလမ်းခွဲအနီး ထပ်မံစစ်ကြောင်းထိုးလာခဲ့ရာ တော်လှန်ရေးတပ်တွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၆ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်သားတွေ ဆုတ်ခွာထွက်ပြေးသွားတဲ့ ဇီးတောရွာမြောက်ဘက်ရှိ သူတို့ရဲ့ အထိုင်စခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ (Chindwin Brothers) က ဦးဆောင်ပြီး မုံရွာခရိုင် အမှတ် (၁၄) တပ်ရင်း၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army ၊ ဗိုလ်လက်ကောက်အဖွဲ့၊ Snipe Rangers Force (Local – PDF) – S.R.F အဖွဲ့၊ ဒေါင်းပျောက်ကြားအဖွဲ့ ၊အုပ်ကြီးနှင့်အဖွဲ့ ၊ နင်ဂျာအဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ မိဘများအား ရဲဘော်ရဲဘက်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ တပ်စုမှူး ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့  နာရေးစျာပနကို ဇွန်လ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က  သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီစစ်ဒေသ တပ်ရင်းအမှတ် ၁၁၀၅ ဘောလခဲ PDF ဖွဲ့စည်းထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား (ရုပ်/သံ)

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကရင်နီစစ်ဒေသ အမှတ် ၁၁၀၅ တပ်ရင်း ဘောလခဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဖွဲ့စည်းတည်‌ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့ အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထား လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၃ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နိုဝင်ဘာ ၁၁ ရက် မနေ့က ညနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးအများအပြားကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွမ်ကျိုက်ကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီစခန်းကုန်းအား လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ် အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွမ်ကျိုက်ကျေးရွာအနီး တပ် စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကုန်းအား မတ်လ ၁၇ ရက်က လက်နက်ကြီးနဲ့ ၆ ကြိမ် ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ထံက သိရပါတယ်။
Read More

အမရပူရမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်တဲ့အတွက် လူ ၂ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း အမရပူရမြို့နယ် ကျောက်စိမ်းဘုရားအနီးရှိ ကောင်းကောင်းနန်းတော်စားဥယျာဉ်လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်ခဲ့တဲ့အတွက် မီးလောင်မှုဖြစ်ပွားပြီး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

အမျိုးသားလွတ်မြောက်‌ရေးတပ်တော် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကဘော်ဒေသ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။