ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၉ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

နိုဝင်ဘာ ၇ ရက် ဒီမနက် ၁၁ နာရီလောက်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်တပ် ခမရ ၃၄၄ ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ကွမ်းတောင်ကျေးရွာကို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁ယောက် ထိမှန်ဒဏ်ရာရခဲ့သလို မနက် ၁၁နာရီကျော်လောက်မှာလည်း အောင်ဖြူပြင်ကျေးရွာကို အသေခံဒရုန်းနဲ့ ဗုံးသီး ၂ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။

လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီးတဲ့နောက် စစ်တပ်က ယိုးတရုတ်ကျေးရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ရာမှာတော့ မခင်ချိုထွန်း (၁၇) နှစ်၊ ဒေါ်လှမြသန်း (၅၅) နှစ်၊ မောင်ငြိမ်းချမ်းအောင် (၁၀) နှစ်၊ ဒေါ်ခင်သန်းနု (၃၉) နှစ်နဲ့ ဒေါ်နုနုလွင် (၄၃) နှစ်တို့ ၅ယောက် ထိမှန်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“ဒီနေ့ နေ့လယ်က ဗုံးချသွားတာပါ၊ အရပ်သားပြည်သူ နေထိုင်တဲ့နေရာကို ဗုံးလာချတာပါ” လို့ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ကြောင်း ရခိုင်ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း အကြမ်းဖက်တပ်က ထိတွေ့ပစ်ခတ်မှုမရှိဘဲ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပန်းနီလာကျေးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးပြီး ၉ ယောက်ခန့် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

(ဓာတ်ပုံ Ponnagyun Youths Association – PYA)

0 Shares:
You May Also Like
Read More

စမ်းချောင်းမြို့နယ်မှာ မီးစက်မှထွက်သည့် မီးခိုးငွေ့ကြောင့် မိသားစုဝင် ၄ ဦးနှင့် အိမ်မွေးခွေး ၁ ကောင် အသက်ရှုရပ် သေဆုံး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းရှိ အိမ်နံပါတ် ၄၄ / ၄လွှာမှာ နေထိုင်တဲ့ မိသားစုဝင် ၄ ယောက်နဲ့ အိမ်မွေးခွေး ၁ ကောင်ဟာ မီးစက်က ထွက်တဲ့ မီးခိုးငွေ့ကြောင့် အသက်ရှုရပ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်ရေးလမ်းစမရှိဘူးလို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ အစည်းအဝေးမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးမှုများ ရှိနေသည့် မန္တ​လေးတွင် “အကြောက်တရားကို ဖိနပ်နဲ့နင်း၊ အာဏာရှင်ကို ဂန်းနဲ့ဗျင်း” စာသားချိတ်ဆွဲ ဆန္ဒပြ

စစ်မှုထမ်းဥပဒေအတွက် ပေါ်တာဆွဲ မဲနှိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ မန္တလေးမြို့မှာ "အကြောက်တရားကို ဖိနပ်နဲ့နင်း၊ အာဏာရှင်ကို ဂန်းနဲ့ဗျင်း" ဆိုတဲ့ စာတန်းကို ချိတ်ဆွဲရင်း ပြည်သူတွေအကြောက်တရားမရှိစေဖို့ နှိုးဆော်သတိပေးခဲ့တယ်လို့ Voice Of Mandalay အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကန်ပိုက်တီမြို့ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်အတွင်း သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ တစ်ခုတည်းသော နယ်စပ်မြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့ကို နိုဝင်ဘာလ (၂၀)ရက် ဒီနေ့ ညနေပိုင်းမှာ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်းဒေသခံတွေဆီက သိရပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ နယ်မြေက ပြည်သူတွေနဲ့ တော်လှန်ရဲဘော်တွေရဲ့ မြန်မာ့ရိုးရာ စုပေါင်းဘုံကထိန်ပွဲတော် (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF ၊ အမှတ် ၃ စစ်ကြောင်း လှုပ်ရှားနယ်မြေမှာ ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ စုပေါင်းကျင်းပပြုလုပ်တဲ့ မြန်မာ့ရိုးရာ စုပေါင်းဘုံကထိန်ပွဲတော် ပုံရိပ်တွေကို ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။