လက်ရှိအချိန်ဟာ မြန်မာနိုင်ငံအတွင်း တော်လှန်ရေးအင်အားစုတွေအတွက် အရေးကြီးတဲ့အချိန်ကာလတစ်ခု ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်က ပြင်းထန်တဲ့ ထိုးစစ်တွေနဲ့အတူ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို နှိမ်နင်းဖို့ ကြိုးစားနေသလို တရားမဝင် ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်တာကြောင့် အရေးကြီးတဲ့ အချိန်ကာလ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုကာလမှာ ပူးပေါင်းဆောင်ရွက်မှုတွေက အရေးကြီးတယ်လို့လည်း စစ်ကိုင်း PDF က ဆိုပါတယ်။ “အထူးသဖြင့် ဒီကာလ ပြည်သူလူထု အာရုံစိုက်မှု မြင့်မားနေတဲ့ဒေသ၊ တော်လှန်ရေးအားကောင်းတဲ့ ဒေသလို နေရာမျိုးတွေရဲ့ ခုခံကာကွယ်စစ်မှာ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ဖို့ ပြင်ဆင်နေတာ ရှိပါတယ်။ တကယ့်ကို တော်လှန်ရေးဆင်နွှဲနေတဲ့ တပ်တွေအတွက် ယခုကာလဟာ မိုးထဲရေထဲ ကာလပါ။ အားလုံး တစုတစည်းတည်းနဲ့ ချီတက်ရမယ့်အချိန်ပါ။ ပူးပေါင်းဆောင်ရွက်မှုအားကတော့ တဖွဲ့တည်း ရုန်းကန်တာထက် အများနဲ့ ရုန်းကန်ရတာ ပိုအဆင်ပြေတာပေါ့လေ။ ရှေ့မှာ အောင်ပွဲအလီလီ ရခဲ့တဲ့ သမိုင်းတွေဟာလည်း ပူးပေါင်းဆောင်ရွက်မှု အားတွေကြောင့်ပါ” လို့ စစ်ကိုင်း PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစစ်ငြိမ်းနိုင်က ‌မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်က နိုင်ငံရေးထွက်ပေါက်ရဖို့ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲအတု ဖန်တီးကာ စစ်ရေး နိုင်ငံရေး နှစ်ခုလုံးကို ဟန်ချက်ညီညီ ကစားနေချိန် တော်လှန်ရေးဘက်တော်သားတွေကလည်း မဟာဗျူဟာမြောက် တုံ့ပြန်နိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေမှာ တရုတ်ဖိအားကြောင့် တအာင်းတပ် TNLA နဲ့ အကြမ်းဖက်စစ်တပ် အပစ်ရပ်ထားကာ မိုးကုတ်နဲ့ မိုးမိတ်ဒေသတွေကနေ TNLA တပ်တွေ ဆုတ်ခွာပေးရဖို့ ရှိနေပါတယ်။ အလယ်ပိုင်းဒေသက တော်လှန်ရေးတပ်ဖွဲ့တွေက မိုးကုတ်ကို အစွမ်းကုန်ကာကွယ်သွားမယ့်အကြောင်း ထုတ်ပြန်ထားသလို စစ်ကိုင်း PDF အနေနဲ့လည်း မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပါဝင်သွားမယ်လို့ ဆိုပါတယ်။

“စစ်သဘောအရတော့ အဆုတ်အတက်ကတော့ ရှိပါတယ်။ ကျနော်တို့တွေ ဘယ်လိုမျိုး မဟာဗျူဟာတကနဲ့ ရန်သူကို ခုခံပြီး တိုက်စစ်အရှိန်မြှင့်မလဲ တွေးကြဖို့ လိုနေပြီလို့ပဲ ပြောပါရစေ။ မိုးကုတ်၊ မိုးမိတ်ဒေသအတွက်လည်း စစ်ကိုင်း PDF အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်” လို့ ကိုစစ်ငြိမ်းနိုင်က ဆိုပါတယ်။

စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ၂၀၂၁ ခုနှစ်မှာ လူငယ်ကျောင်းသားတွေနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး “စစ်ကိုင်းဒေသ လွတ်မြောက်ရေးမှသည် ပြည်ထောင်စု လွတ်မြောက်ရေးဆီ ချီတက်ရမည်” လို့ ကြွေးကြော်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းကို KIA သိမ်းပိုက်၊ စုစုပေါင်း တပ်ရင်း ၃ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ( အမတ- ၃၆၆) ကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စဉ့်ကူးတွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေပြီး အများအပြားဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ရှောက်ပင်ရိုးကျေးရွာကို အကြမ်းဖက်စစ်တပ် လေ​ကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၆ ယောက် သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံတွေက မောင်းကို ပြောပါတယ်။
Read More

စတီရီယိုခေတ်ဦးမှာ ကျော်ကြားထင်ရှားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။
Read More

BPLA မွေးနေ့အခမ်းအနားကို TRI ဗျူဟာမှူး တက်ရောက် ဂုဏ်ပြုစကားပြောကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ရဲ့ ဗျူဟာမှူးက အမှတ် (၃၀၈) အညာစစ်ဒေသရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ (၄) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံး၊ စမ်းလှမ်းကျေးရွာမှ စစ်ကောင်စီဒေါက်တိုင်ဆိုသူများကို လောင်းလုံးပကဖ ဖမ်းဆီးထိန်းသိမ်းထား

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် ဒေါက်တိုင်ဖြစ်သူ ၅ယောက်ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်း​ထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ရှိသူ က မောင်းကိုပြောပါတယ်။
Read More

မကွေးတိုင်းတွင် ၂၀၂၅ ခုနှစ် ၄ လတာအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ဦး သေဆုံးခဲ့

မကွေးတိုင်းအတွင်း ဇန်နဝါရီလ အစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။