အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆတ်ဆတ်ထိမခံ ဖြစ်နေကာ အမှန်တရားကို လက်မခံနိုင်ဘဲ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို စိတ်ပေါ့သွပ်သူတစ်ယောက်ကဲ့သို့ လိုက်လံပိတ်ပင် ထိန်းချုပ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။

မကြာသေးခင်က စစ်အုပ်စုဟာ သူတို့ရဲ့ ရွေးကောက်ပွဲအတုအပေါ် ဝေဖန်တဲ့ လူမှုကွန်ရက်ပို့စ်တွေမှာ “Like” ဒါမှမဟုတ် “Heart” reaction ပေးမိရုံနဲ့ အနုပညာရှင်တွေ၊ ဒါရိုက်တာတွေကို မတရား ဖမ်းဆီးကာ ဆိုးရွားတဲ့ ဖိနှိပ်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။

အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ အထူးနိုင်ငံရေးနှင့် ကိုလိုနီနယ်မြေများ လွတ်မြောက်ရေးကော်မတီ (စတုတ္ထကော်မတီ) ရဲ့ အစီအစဥ်အမှတ် (၅၃) “သတင်းအချက်အလက်များနှင့် စပ်လျဥ်းသည့်ကိစ္စရပ်များ” ခေါင်းစဥ်အောက်က ဆွေးနွေးမှုမှာ သံအမတ်ကြီးက အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ Facebook နဲ့ Telegram လိုမျိုး ပလက်ဖောင်းတွေကို စောင့်ကြည့်ခြိမ်းခြောက်ရေး ကိရိယာတွေအဖြစ် ပြောင်းလဲအသုံးပြုကာ သုံးစွဲသူတွေကို စောင့်ကြည့်ခြင်း၊ တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံခြင်း၊ သူတို့ရဲ့ ရာဇဝတ်မှုတွေကို လိမ်ညာဖုံးဖိဖို့နဲ့ ဒီမိုကရေစီ ခုခံတွန်းလှန်မှုတွေကို ပျက်ပြားစေဖို့ သတင်းအမှား ဖြန့်ဝေရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာတွေအနေနဲ့ ပြည်ပ ထွက်ပြေးတိမ်းရှောင်ရခြင်း ဒါမှမဟုတ် လုံးဝရပ်နား ပိတ်သိမ်းရခြင်းတွေ ဖြစ်ပေါ်နေပြီး ပြည်တွင်းမှာရှိနေတဲ့ မီဒီယာတချို့ကလည်း တင်းကြပ်တဲ့ ထိန်းချုပ်မှုတွေအောက်မှာ စစ်အုပ်စု သဘောမတူတဲ့ ဘယ်လိုစကားလုံး အသုံးအနှုန်းကိုမှ အသုံးမပြုဖို့ တားမြစ်ခံထားရကာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေ မတရားဖမ်းဆီးခံရမှု အဆိုးဝါးဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်လာကြောင်း သံအမတ်ကြီးက ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာစစ်အုပ်စု၏ လက်နက်များ၊ လေယာဉ်ဆီအပါ စစ်ရေး အသုံးပြုနိုင်သည့် ပစ္စည်းများနှင့် ငွေကြေး စီးဆင်းမှုများ ချက်ချင်းရပ်တန့်ရေး ဆောင်ရွက်ဖို့ ကုလတွင် ဦးကျော်မိုးထွန်း ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ ကျားဖြန့်လိမ်လည်မခံရစေဖို့ ထိုင်းအာဏာပိုင်တွေ ပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လိမ်လည်မှု မခံရစေဖို့အတွက် အသိပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်နေတယ်လို့ သိရပါတယ်။
Read More

ဘန်ကောက်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆမှုအတွင်း မြန်မာလုပ်သားတစ်ဦး သေဆုံး 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဇွန်လ ၈ ရက်နေ့က မတော်တဆမှု ဖြစ်ပွားခဲ့တာကြောင့် အသက် ၃၉ နှစ်အရွယ် မြန်မာလုပ်သားတစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ 
Read More

အမေရိကန်အကူအညီ ဖြတ်တောက်မှုဟာ မလိုအပ်ဘဲ ရက်စက်မှုများကို ဖြစ်စေတယ်လို့ လူ့အခွင့်အရေးအရာရှိ ဝေဖန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မလေးရှား နိုင်ငံခြားရေးဝန်ကြီး အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ရန် နေပြည်တော်လာ

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်အုပ်စုရဲ့ လာမယ့်ရွေးကောက်ပွဲကိစ္စတွေနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေတွေနဲ့ ပတ်သက်ပြီး တွန်းအားပေးပြောဆိုဖို့ ကြာသပတေးနေ့မှာ နေပြည်တော်ကို သွားရောက်မယ့်အကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ထားပါတယ်။
Read More

ဘင်္ဂလားဒေ့ရှ်မှာ ARSA ခေါင်းဆောင်အပါ ၁၁ ဦးကို အာဏာပိုင်များ ဖမ်းဆီးရမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အာရကန် ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ် (ARSA) ခေါင်းဆောင် အာတာအူလ္လာဟ်အပါအဝင် ၁၁ ယောက်ကို ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က မတ်လ ၁၇ ရက်မှာ ဖမ်းမိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။