ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်း ရဲဘော်တွေကို KIA က လက်နက် ၁၀၀ ကျော် တပ်ဆင်ပေးခဲ့တယ်လို့ အနောက်မြောက်လွင်ပြင်သို့ကမ်ပိန်းက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့အတွက် လက်နက်တွေရှိပေမယ့် ကျည်လိုအပ်ချက်ဖြစ်ပေါ်နေတဲ့အတွက် ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်းကနေ အနောက်မြောက်လွင်ပြင်သို့ ကျည်ငါးသောင်းကမ်ပိန်း ပြုလုပ်ထားပါတယ်။

ကျည်ဆန်တွေဟာ လိုအပ်သလို ဝယ်ယူနိုင်ဖို့ ခက်ခဲတဲ့အတွက် တော်လှန်ပြည်သူတွေ ဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Video – အနောက်မြောက်လွင်ပြင်သို့

0 Shares:
You May Also Like
Read More

နခခ ၅ တပ်ကို AA မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီ တောင်းခံနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံလာ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်ခြားစောင့်တပ်ခွဲ နခခ ၅ ကို အာရက္ခတပ်တော် AA က မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီတောင်းခံနေတဲ့ ရုပ်သံဖိုင် ၁ ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ချောင်းမရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကော်မရှင်တပ်အား ချေမှုန်းပြီး ပြန်လာသည့် တော်လှန်ရေးရဲဘော်များ၏ အိမ်ပြန်ခရီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကော်မရှင်တပ်ကို ချေမှုန်းပြီး ပြန်လာတဲ့ တိမ်ပျံပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေရဲ့ အိမ်ပြန်ခရီးဟာ အန္တရာယ်များလှပါတယ်။ 
Read More

ကျေးရွာ မီးရှို့ဖျက်ဆီးနေသည့် သီးလုံးပျူစောထီးများ၏ ကင်းစခန်းဘန်ကာအား RPG ဖြင့် ပြန်ထု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်း သီးလုံးပျူကင်းစခန်းဘန်ကာကို ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ RPG လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရခိုင်ပြည်ပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေအား ဖမ်းဆီးခဲ့သည့် ရုပ်သံမှတ်တမ်း AA ထုတ်ပြန် (ရုပ်/သံ)

ရခိုင်ပြည်‌ရေပိုင်နက်အတွင်း သြဂုတ် ၃၁ ရက်က ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့်တပ်က ဖမ်းဆီးစစ်ဆေးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို AA က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒီပဲယင်းမြို့နယ်မှာ ဘောလုံးပွဲကြည့်နေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းမှာ မြန်မာနှင့်ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းကို လက်ဖက်ရည်ဆိုင်မှာ အားပေးနေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာပြီဖြစ်တယ်လို့ ဒေသခံများဆီက သိရပါတယ်။ ဒီဇင်ဘာ ၅ ရက် ညပိုင်းက မိတ္ထီလာရှမ်းတဲလေတပ်ကနေ တက်လာတဲ့ MiG - 29 ဂျက်ဖိုက်တာ ၁ စီးဟာ မရကန်ကျေးရွာမှာ ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီး အသင်း ဘောလုံးပွဲကို ကြည့်ရှုနေတဲ့ လက်ဖက်ရည်ဆိုင်ကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ထီးခီးစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy အဖွဲ့က ဒီက‌နေ့ ထုတ်ပြန်လိုက်ပါတယ်။