မန္တလေးတိုင်း တောင်သာမြို့ပေါ်မှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်တွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။

နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက တောင်သာမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ မန်ကျည်းရိုးဂိတ်၊ ပိဿနိုးတောင်၊ ဇဂျမ်းအထွက်သံလမ်းဂိတ်တွေကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ုလိ့ သိရပါတယ်။

ဘန်ကာ ၁၃ လုံးရှိတဲ့ မန်ကျည်းရိုးဂိတ်ကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ စစ်သားအားလုံးထွက်ပြေးသွားကာ ဘန်ကာအတွင်း စစ်သားအလောင်း ၃ လောင်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“ဘန်ကာကြီး (၁၃) လုံးရှိတာမှ အားမနာ သူ့ထက်ငါ အရင်လွတ်အောင် အပြေးပြိုင်နေသလား မှတ်ရပါတယ်။ သူတို့စခန်းကိုသိမ်းမိလို့ ဘန်ကာတွေကို ခြေကုတ်ယူပြီး ထိန်းထားနိုင်တယ်ဆိုပေမယ့် မြို့ပေါ်ဖြစ်တော့ စကမ က ဗုံးကြဲရင် မြို့နေအရပ်သားတွေ ထိမှာစိုးလို့ပါ။ ဒါကြောင့် စခန်းကို သူတို့တပ်စွဲဖို့မလွယ်အောင်ပဲ မီးရှို့ဖျက်ဆီးခဲ့လိုက်ပါတယ်။” လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပိဿနိုးတောင်ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာလည်း စစ်သားအားလုံးထွက်ပြေး သွားပြီး ဘန်ကာ ၁၂ လုံးအနက် ၁၁ လုံးကို သိမ်းနိုင်ခဲ့တယ်လို သိရပါတယ်။

ဇဂျမ်းအထွက်သံလမ်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်စဉ်မှာတော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ဂိတ်စခန်းကို မသိမ်းပိုက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော် ၁ ယောက် ကျည်ထိမှန် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

Video – မြင်းခြံခရိုင် တပ်ရင်း ၃

0 Shares:
You May Also Like
Read More

စစ်ကြောင်းထိုးမယ့် စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းက ရသေ့ကျောင်းအနီး စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

သား ၂ ယောက်အပြင် ခင်ပွန်းဖြစ်သူပါ စစ်မှုထမ်း ပေါ်တာဆွဲခံထားရသည့် မိသားစုအခြေအနေ (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ နေထိုင်တဲ့ မိသားစုတစ်စုက မိခင်ဟာ သား ၂ ယောက်သာမက ခင်ပွန်းဖြစ်သူပါ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့အတွက် စားဝတ်နေရေးခက်ခဲနေကြောင်း ပြောပြထားတဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
Read More

8+ အညာမြေစစ်ဆင်ရေးအဖွဲ့ မွမ်းမံသင်တန်း ကျင်းပပြီးစီး (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး၊ 8+ အညာမြေစစ်ဆင်ရေးအဖွဲ့ ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ဧပြီ ၂၃ ရက်က ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

ဆောမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ ၂ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း ဆောမြို့မရဲစခန်းကနေ အင်အား ၅၄ ယောက်နဲ့ လောင်းရှည်မြို့သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လောင်းရှည်တိုက်နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် - ၃ တပ်ရင်းထံက သိရပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား လက်နက်ကြီးနှင့် လေကြောင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်အငြင်းပွားမှု ပြဿနာကြီးထွားလာပြီး နှစ်ဖက်စစ်တပ်တွေက လက်နက်ကြီးတွေ၊ လေကြောင်းတွေ အသုံးပြုကာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။
Read More

ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေနဲ့ စစ်လက်နက်ပေါင်းများစွာကို သိမ်းဆည်းရမိ (ရုပ်/သံ)

တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ယမန်နေ့၊ မေလ ၂၃ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။